-->

တဿ္ဃ့ဿ္တမီဂီဿ္ဒီးသးသမူဂီဿ္

တမ့ဿ္ပကဒုးန့ဿ္ထံကီဿ္ဘဢ္

မြို့နယ်အုပ်ချုပ်ရေးမှူးကသတ်မှတ်ပေးလိုက်သော ကရင်တော်လှန်ရေးခေါင်ဆောင် စောဘဦး ၏ကျောက်တိုင်

ဟစ်တိုင်သတင်းမှပြန်လည်ကူးယူသည်။

- ဒီမိုကရင် --၁၈-၆ -၂၀၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ယခင် ဦးနု အစိုးရလက်ထက်က ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင်စိုက်ထူပေးခဲ့သော အာဇာနည်ကျောက်တိုင်အား (၁၄-၆-၂၀၁၂)ရက်နေ့တွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ မှ မြို့မိမြို့ဖများ၊ ပြည်သူလူထုအား တွေ့ဆုံပွဲတွင် ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး ၏ အထိမ်းအမှတ် ကျောက်တိုင် ဖြစ်ကြောင်း သတ်မှတ် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် ဦးနု နှင့်အတူ တွေ့ ရသော ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး

၎င်းအာဇာနည်ကျောက်တိုင်သည် နအဖလက်ထက်က ပယကဥက္ကဌ ဗိုလ်မှူးကြီး စောခင်စိုးမှ အာဇာနည် ကျောက်တိုင်ကို ကုန်သည်ကြီးများ ဥက္ကဌ ဖြစ်သူ ဒေါ်သင်းသင်းမြတ် (တရုတ်မ)ထံ ရောင်းစားခဲ့သည်။
ဒေါ်သင်းသင်းမြတ်ဆိုသူသည် အာဇာနည်ကျောက်တိုင်ကို ၀ယ်ယူသည့်အပြင် စည်ပင်သာယာပိုင် ဒုံမေပတီဈေးမြေနေရာနှင့် ဘုရင့်နောင်လမ်းပေါ်ရှိ အများပိုင် ကုန်သွယ်ရေးရုံးတို့ကိုပါ အာဏာပိုင်နှင့်ပေါင်းကာ တရားမ၀င် ၀ယ်ယူထားခဲ့ပါသည်။

ဒေါ်သင်းသင်းမြတ် ဆိုသူသည် ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီမှ နိယုံး (ကုန်သည်များဥက္ကဌ) နှင့် ပူးပေါင်းကာ မြန်မာအာဏာပိုင်များကို လဘ်ပေးလဘ်ယူ လုပ်ကာ ကြိုးကိုင်ခိုင်းထားသည်။

မကြာသေမီ လပိုင်းခန့်က (၂၄)နာရီလျှပ်စစ်မီးရရှိရေးအတွက် နိယုံး၏ ညီဖြစ်သူ ထိုင်းနိုင်ငံသား တဦးကို ပတ်စ်ပို့ မပါပဲ မြ၀တီမှတဆင့် ဘားအံမြို့ကို ခေါ်ဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပေးခဲ့သည်။ ပြီးခဲ့သည့် လပိုင်းခန့်က ပဲခူးမြို့အ၀င်တွင် ဂျူတီမဲ့ပစ္စည်း မှန်လုံကား(၄)စီး ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။

၎င်းမှန်လုံကားများပေါ်တွင် ထိုင်းနိုင်ငံကို ဖြတ်ကာ စင်္ကာပူနိုင်ငံမှ သယ်ဆောင်ခဲ့သော နိုင်ငံခြားအရက်မျိုးစုံကို ဖမ်းဆီးသိမ်းဆည်းခံရသည်။ နိုင်ငံခြားအရက်များ ခိုးသွင်းနေသည်ကို မြ၀တီမြို့ အကောက်ခွန်ဝန်ထမ်းများ သိသော်လည်း မဖမ်းရဲ ဖြစ်ခဲ့ရသည်။ ပြည်နယ်ဝန်ကြီးချုပ်ကို ခါးပိုက်ဆောင်ထဲ ထည့်ထား၍ နိုင်ငံခြား အရက်မျိုးစုံ ပါသော မှန်လုံကား(၄)စီး သံလွင်တံတားကို လွယ်ကူစွာ ကျော်ဖြတ်ကာ ပဲခူးဂိတ် ဈေးညှိမတည့်၍ အဖမ်းခံ လိုက်ရခြင်း ဖြစ်သည်။
ဒေါ်သင်းသင်းမြတ်၏ အဓိက ကုန်သွယ်မှုလုပ်ငန်းသည် နိုင်ငံခြားအရက်မျိုးစုံ ခိုးသွင်းခြင်းဖြစ်၍ နှစ်(၂၀)ကျော် ရင်းနှီးစွား ကုန်သွယ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ခိုးသားငါးရာ ၀ိုင်းရံထားသော ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း သည် နိုင်ငံတော်သမ္မတရုံးမှ အာဇာနည်ကျောက်တိုင်အား အများပိုင်မြေအဖြစ်သတ်မှတ် ညွှန်ကြားပေးရန် လမ်းညွှန်ချက်ကို မကျေနပ်၍ တရုတ်မ ဒေါ်သင်းသင်းမြတ်နှင့် ပူးပေါင်းကာ ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင်အဖြစ် သတ်မှတ်ပေးရန်ဟု ခရိုင်အုပ်ချုပ်ရေးမှူးကို ထပ်ဆင့် ညွှန်ကြားသည်ဟု သိရှိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ်ဝန်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။ ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေး တစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။
မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေးအဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ် ၀န်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။
ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေးတစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။

မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။

ဒီမိုကရင်
http://www.hittai.net/index.php?show=rm&fileid=166&t=home15&id=12

ကမ်ဿဿ္အတဿ္ဂဲၯလိာ္

ကရင့်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ် ၂


ကရင့်တော်လှန်ရေးအစပိုင်းတွင် 
ကချင်တပ်များပူးပေါင်းပါဝင်မှု
မှတ်တမ်း အကျဉ်းချုပ်

၁၉၄၈ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရအပြီး အုပ်စုဖွဲ့သောနိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ အမှန်မှာ နိုင်ငံရေးအဖွဲ့အစည်းများသည်လွတ်လပ်ရေးမရခင်ကတည်းက ရှိနေပြီးသားဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသောအုပ်စုများမှာ
(၁)ဗမာပြည်ကွန်မြူနစ်ပါတီ။
(၂) ရဲဘော်ဖြူ။
(၃) အလံနီ။ (၄) ကေ အန်န်ဒီအို။
(၅) အမ်မ်အန်န်ဒီအို များ ထင်ပေါ်ကျော်ကြားလာသည်။

၎င်းတို့အထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ရဲဘော်ဖြူတို့သည် ဖဆပလကိုမကျေနပ်(ထိုင်ခုံလုကြသည်)၊
ထို့ကြောင့် ဦးစွာတောခိုကြသည်။
ဖဆပလ အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင် တော်လှန်ပုန်ကန်ကြသည်။
ဂျပန်ခေတ် သို့မဟုတ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် မြန်မာပြည်လွတ်လပ်ရေးမရခင် အင်္ဂလိပ်အစိုးရ က
မြန်မာနိုင်ငံအတွက် စစ်တပ်များဖွဲ့စည်းပေးခဲ့သည်။
မြန်မာပြည်ကိုကာကွယ်ရန် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
ဗမာအမျိုးသား သတ်သတ်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်း(Burma Rifle) ဗမာ့သေနတ်ကိုင်(၁) တပ်ရင်း(၃) (၄) (၅) (၆)တို့ဖြစ်သည်။

ဗမာ့သေနတ်ကိုင်တပ်ရင်း(၂) (2nd-Burma Rifle)သည် ဗမာ့သေနတ်ကိုင်တပ်ရင်းဟုခေါ်သော်လည်း ၎င်းတပ် ထဲတွင် ကချင်၊ ချင်း၊ ကရင်များသာရှိ၍ ဗမာအမျိုးသားများ လုံးဝမပါဝင်ချေ။ ၎င်းတပ်ရင်းသည် ကုလားပြည် (India)သို့ ဒုတိယကမ္ဘာစစ်အတွင်း ရောက်သွားသောတပ်ဖြစ်သည်။

General Wingate

(Chin dit force)ခြင်္သေ့တပ်ဟုခေါ်သော (General Wingate)၏ တပ်ဖြစ်သည်။
ထိုတပ်ထဲတွင် အင်္ဂလိပ်စစ်သား၊ ဂေါ်ရခါးစစ်သား၊အာဖရိကန်စစ်သားများလည်း ရောနှောပါဝင်သေးသည်။ (2nd-Burma Rifle)တပ်၏တာဝန်မှာ (General Wingate)၏ တပ်များကိုလမ်းပြရန်၊ ထောက်လှမ်းရေး လုပ် ငန်းများလုပ်ရန်ဖြစ်သည်။
လူမျိုးစုများကိုလည်း ကရင်သေနတ်ကိုင်တပ်ရင်း(Karen Rifle) (၁) (၂) (၃)၊ ကချင်သေနတ်ကိုင်တပ်ရင်း (Kachin Rifel) (၁) (၂) (၃)၊ ချင်းသေနတ်ကိုင်တပ်ရင်း (Chin Rifel) (၁) (၂) (Chin Hill Battalion) ဆိုကာ ဖွဲ့စည်းထားသည်။

ထို့နောက်ဗမာ့သေနတ်ကိုင်တပ်များ တောခိုသည်။
ထိုတပ် ရင်းများမှာ (1st-Burma Rifle) (2nd-Burma Rifle) (3rd-Burma Rifle) အချို့(UMPGT) တပ်၊ အခြား
တပ်များ အနည်းငယ်ပါဝင်သည်။
(4th-Burma Rifle)နေ၀င်းကိုင်သောတပ်သည် တောခိုခြင်းမရှိ။
၎င်းတို့တောခိုရန် ပထမ စည်းဝေးသောအခါ ဗိုလ်နေ၀င်းကိုယ်တိုင်ပါဝင်ရန်ဖြစ်သော်လည်း နောက်ပိုင်းမည်ကယ့်
သို့ စိတ်ပြောင်းလဲသွားသည်ကို မသိရပါ။ ပါဝင်ခြင်းမရှိပါ။ တောခိုရန်ပြဿနာကို ဗိုလ်နေ၀င်းအားလုံးသိသည်။
သို့သော် အစိုးရအဖွဲ့အစည်းကို အသိမပေးပါ။
တောခိုသွားသည့်တပ်များကို တိုက်ရန်အတွက် နယ်မြေခွဲပြီးစစ်ဆင်ရေးလုပ်တော့သည်။

(2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များ ပြည်မြို့နယ်ကိုတာဝန်ပေးသည်။
(2nd-Kachin Rifle)မင်္ဂလာဒုံမှ သာယာဝတီသို့၊(2nd-Karen Rifle)မိတ္ထီလာမှရေနံချောင်း၊ အောင်လံ ပြည်မြို့
သို့ ဦးတည်တိုက်ခိုင်းသည်။
ထိုးစစ်ကို (2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များညှပ်ပြီးပြည်မြို့ကို ကွန်မြူနစ်လက်မှ သိမ်းယူရန်
ဖြစ်သည်။

(1st-Kachin Rifle)သည် ပျဉ်းမနား၊တပ်ကုန်း၊ ရမည်းသင်း၊ ကန်သာနယ်မြေများကို ထိုးစစ်ဆင်သည်။ (3rd-Karen Rifle)စစ်ကိုင်းနယ်၊(1st-Karen Rifle)သည် တောင်ငူနယ်၊(2nd-Burma Rifle)သည် ညောင်လေး
ပင် နယ်မြေ၊ (2nd-Chin Rifle)သည် ပဲခူးနယ်မြေ၊ (1st-Chin Rifle) သည် ရန်ကုန်မြို့လုံခြုံရေး ယူထားသည်။

မှတ်ချက် ထိုအချိန်တွင် ဗမာတပ်များ မြို့လုံခြုံရေးဖြစ်သည်။

တောခို၍ ကျန်ရစ်ခဲ့သောတပ်ရင်း (၆)မှ တပ်သားများ ပဲခူးခရိုင်တွင် လှုပ်ရှားမှုအနည်းငယ်ပေးသည်။

(1st-Kachin Rifle)သည် ပျဉ်းမနားနယ်မြေကို တိုက်ခိုက်ရှင်းလင်းရန်အတွက် မေမြို့ ပျဉ်းမနား သာဝတ္ထိ သို့
ရွှေ့ပြောင်းလာပြီး သာဝတ္ထိတွင်ရှေ့တန်းရုံးစိုက်လျက် ၁၉၄၈ခုနှစ် ဧပြီလမှစ၍ ထိုးစစ်ဆင်လေတော့သည်။
၎င်းထိုးစစ်တွင်(C-coy, D-coy)များကိုအသုံးချသည်။
ထိုတပ်ခွဲနှစ်ခွဲကို တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း အမြဲတမ်းတာဝန်ယူသည်၊ နောက်ပိုင်းလုံခြုံရေးကို(A-coy)က တာဝန်ယူသည်။
ထိုအချိန်တွင် ကွန်မြူနစ်လှုပ်ရှားမှု သိသိသာသာနည်းသွားသည်၊နယ်မြေအများစုကို ထိန်းထားနိုင်ပြီဖြစ်သော် လည်း တောင်တွင်းကြီးနယ်မြေ၌ လှုပ်ရှားမှုများရှိနေသေး၍ ထိုနေရာသို့(D-coy)ကိုတာဝန်ပေးသည်။

တောင်ညို၊ ဟင်းကုန်း ကို (c-coy)မှ တာဝန်ယူတိုက်ခိုက်နေချိန် ၁၉၄၉ခုနှစ်ဇန္န၀ါရီလကုန်ခါနီး(ရက်အတိအကျ မမှတ်မိတော့)တပ်ရင်းမှစာတစောင်(C, D-coy)တပ်ခွဲမှူးထံရောက်လာသည်။
၎င်းစာထဲတွင်  ကရင်သူပုန်ထပြီ ဤစာရရှိပါက ချက်ခြင်းတပ်ရင်းသို့ပြန်လာရန် ဟု ပါရှိပါသည်၊
ထိုစာကြောင့်တပ်ခေါက်လာပြီး သာဝတ္ထိသို့ပြန်စုရုံးကြသည်။
တပ်ရင်းဌာနချုပ်သို့ပြန်ရောက်ပြီး ၂ရက်နားပြီးသောအခါ တပ်ဗိုလ်များစည်းဝေးကြသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်ကြီး ဇော်ဂေါင်က ပြောကြားသည်မှာ အခု ကျွန်တော်တို့ အစိုးရလခစားသည့်အတွက် ကရင်ကိုတိုက်ရမည်၊ သို့သော်ကြည့်တိုက်ရမည် ဟုပြောသည်၊ အခြားဗိုလ်တွေဘာမျှမပြောကြ။
ဗိုလ်ဇော်တူး (D-coy)က မြွေကယ့်သို့ဥာဏ်ရှိပြီး ချိုး(ဂျိုး)ကယ့်သို့လိမ္မာရမည် ဟုပြောသောအခါလူတိုင်းဝိုင်း
ရယ်(ရီ)ကြသည်

ညနေပိုင်း(Mess)တွင်တပ်ဗိုလ်များအနားယူသောအခန်း၌ ဘီယာ၊ရမ် သောက်ရင်း အချို့က ဗမာအစိုးရ မ
ကောင်းကြောင်းပြောကြသောအခါ ဗိုလ်ကြီးနော်ဆိုင်းနှင့် တပ်ရင်းမှူးတို့အငြင်းအခုံဖြစ်လေသည်၊
ဗိုလ်ကြီးနော်ဆိုင်း၏အကြောင်းပြချက်မှာ ယခုလက်ရှိကွန်မြူနစ်ကို တိုက်၍မပြီးခင် ကရင်ကိုပြန်တိုက်ရမည်ဖြစ်
၍ မိမိတို့အနေဖြင့် တပ်အကူအညီဘယ်က ရမည်နည်း။
အဓိပ္ပါယ်သည် အစိုးရမကောင်းသဖြင့် လူတိုင်းမကြေမနပ်ဖြစ်နေသောကြောင့် တော်လှန်ကြသည်ကို ဆိုလိုခြင်း
ဖြစ်သည်။

ထိုအခါ တပ်ရင်းမှူးက ဟေ့ နော်ဆိုင်း ခင်ဗျားမလုပ်ချင်လျင် ထွက်ပါ ဟုဆိုသောအခါ ဗိုလ်ကြီးနော်ဆိုင်းက ထွက်ဘို့ပြောနေတာမဟုတ်ဘူး ဟုပြန်ပြောလေသည်၊ ညစာစားပြီးနောက် အုပ်စုဖွဲ့ပြီးစကားပြောကြသည်၊
ဗိုလ်ကြီးနော်ဆိုင်းကို ထောက်ခံသောသူများသည်။

ရေတာရှည်၊ တောင်ငူဘက်သို့ချီတက်ရန် အစီအစဉ်လုပ်ကြလေသည်။


ဆက်လက်ရေးသားဖေါ်ပြပေးသွားပါမည်။

(မင်းစိုးစံ)
အဝေးရောက် ကရင်ဒုက္ခသည်တဦး

မေတ္တာရပ်ခံ အသိပေးခြင်း

အခု သမိုင်းကြောင်းကို စာအုပ်ထဲကနေ ရေးသားကူးယူပြီး နည်းနည်းချင်း တင်ပြနေတာဖြစ်ပါတယ်။
မူရင်းအတိုင်း ၏ သည် မရွေ့ရေးသားတင်ပြထားတာပါ။
စာအုပ်ကလေးက ငယ်သလောက် စာလုံးလေးတွေက အတော်လေးကို သေးငယ်လွန်းလှပါတယ်။
(ကျုပ်ရဲ့ အမြင်အာရုဏ်အနေနဲ့)။

ဒါကြောင့်အတော်ကြီးကို စာလုံး အမှားအယွင်းမရှိရလေအောင်အာရုဏ်စိုက်ပြီး ကူးယူရပါတယ်။
(ကျုပ်ရဲ့ အသက်အရွယ်အရ)။

ဒီတော့ကာ သည်းခံပြီးတော့ စောင့်ဆိုင်းဖတ်ရှုစေလိုပါတယ်။
တဆင့် ကူးယူပြီး လက်ဆင့်ကမ်းကြစေလိုပါတယ်။
သို့သော် တဆင့်ကူးယူဖေါ်ပြပေးမယ်ဆိုလျင် မူရင်းရေးသားတဲ့ ဖူ့တာမိက်ဘလော့ဂ် လိပ်စာလေး
ကိုပါ ပူးတွဲဖေါ်ပြပေးစေလိုပါတယ်။
ရေးသားဖေါ်ပြလိုတဲ့ကျုပ်ရဲ့စိတ်ကို အင်အားဖြည့်ပေးတဲ့အနေနဲ့ပေါ့ဗျာ။

ဝါသနာတူသူ ဘလော့ဂါအားလုံးကို လေးစားပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

http://phutarmite.blogspot.se/2012/06/blog-post_21.html

ကရင့်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်

ကရင့်တော်လှန်ရေးအစပိုင်းတွင်

ကချင်တပ်များပူးပေါင်းပါဝင်မှု

မှတ်တမ်းအကျဉ်းချုပ်


သမိုင်းမှတ်တမ်း၏ ရည်ရွယ်ချက်

ဤသမိုင်းမှတ်တမ်း ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ် စာ အုပ်ငယ်ကို ရေးသားပြုစုပေးသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူးအား ရပ်ဝေးကချင်လူငယ်အသင်း(Kachin Youth Association Abroad) မှ အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာမှတ်ကျောက်တင်အပ်ပါသည်။

ကရင်အမျိုးသားများနှင့် ကချင်အမျိုးသားများသည် ဘာသာရေး၊ သာသနာရေးသမိုင်းကြောင်းသာမကပဲ အမျိုး သားရေးသမိုင်းကြောင်း၊ နိုင်ငံရေး စစ်ရေးသမိုင်းကြောင်း၊ တော်လှန်ရေးသမိုင်းကြောင်းတွေမှာ မည်သို့နီးစပ်မှု ရှိခဲ့သည်ကို ဖြစ်ပြီးခဲ့သောတကယ့်ဖြစ်ရပ်မှန်တွေအရ သိရှိနိုင်သည်။

နောင်လာနောက်သား မျိုးဆက်လူငယ်များသိရှိထားပါက အကျိုးရှိမည်၊ အဖိုးတန်မည်ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် ဤသမိုင်းမှတ်တမ်းကို ရပ်ဝေးကချင်လူငယ်အသင်း(KYAA)မှ တာဝန်ယူပြီး ပုံနှိပ်ထုတ်ဝေပါ
သည်။

အမှုဆောင်များ ရပ်ဝေးကချင်လူငယ်အသင်း
(1993 October)

မှတ်တမ်းရေးသားပြုစုသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်း

ကျွန်တော်ဗိုလ်မှူးကြီး ဇော်တူးသည် ဗန်းမော်ခရိုင် ဘန်လင်ကျေးရွာတွင်မွေးဖွါးခဲ့သည်။
အသက် ၈နှစ်အရွယ် တွင် ကျွန်တော့်ဦးလေးနှင့်အဒေါ်အိမ်၌ နေထိုင်ခဲ့သည်။
အသက် ၉နှစ်အရွယ် ဗန်းမော်ခရိုင် စိန်လုံကဘားမြို့ရှိ အစိုးရကျောင်းတွင် စတင်ပညာသင်ကြားရာ ကျောင်းတက်
နေစဉ်အတွင်းဖျားသဖြင့် မိဘနေရပ်ဘန်လင်ကျေး ရွသို့ပြန်ပြီး၊ အသက် ၁၁နှစ်မှ ကျောင်းပြန်ဆက်တက်သည်။
စိန်လုံကဘားကျောင်းမှ နမ့်ခမ်းမြို့ ခရစ်ယာန်သာ သနာပြုကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသည်။
ထိုသို့ပညာသင်ကြားနေစဉ်အတွင်း ၁၉၄၂ခုနှစ်တွင် ဒုတိ ယ ကမ္ဘာစစ်ဖြစ်ကာ ကျောင်းများအားလုံးပိတ်၍ ပညာ
ဆက်လက်မသင်ကြားနိုင်တော့ပါ။
၁၉၄၂ခုနှစ် မတ်လ(၁)ရက်နေ့တွင် ဗြိတိသျှလက်အောင်ရှိ ပုလိပ်တပ်သို့ဝင်၍ ပုလိပ်ဝင်လုပ်သည်။ ထိုအချိန်က တလလျှင် ၂၄ရူပီး လစာရသည်။

၁၉၄၂ခုနှစ် မေလ ၅ရက်နေ့တွင် ဂျပန်တပ်များ ဗန်းမော်မြို့ကိုဝင်ရောက်သိမ်း ပိုက်သည်။
ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီဖြစ်၍ ကျွန်တော်လည်းပုလိပ်မလုပ်တော့ပဲ ကျွန်တော့်ဦးလေး
နှင့် အဒေါ်အိမ်ပြန်နေသည်။
ထိုအချိန်တွင် ဖက်ဆစ် ဂျပန်အုပ်ချုပ်ရေးစနစ် စတင်နေချိန်ဖြစ်ပြီး ဖက်ဆစ်ဂျပန်များကိုတော်လှန်ရန်အတွက် ဗြိတိသျှတပ်တွင် ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးကြီးခွန်နောင် ကထောက်လှမ်းရေးအ ရာရှိအဖြစ်တာဝန်ယူပြီး ဗိုလ်မှူးကြီးဇောဂျွန်း က အိန္ဒြိယပြည်မှလေ
ယာဉ်ဖြင့်အလောဘွမ်တောထဲ လေထီးဖြင့်ခုန်ချကာ ၀ိုင်ယာလက်စက်ဖြင့် ဖက်ဆစ်ဂျပန်များ၏လှုပ်ရှားမှုများကို သတင်းယူ သတင်းပို့ တာဝန်ယူသည်။
ဗိုလ်မှူးကြီးခွန်နောင်နှင့် ဗိုလ်မှူးဇော်ဂျွန်းတို့သည် ဗြိတိသျှအစိုးရတပ်မှ ကချင်အမျိုးသားတပ်မှူးများဖြစ်သည်။
ကျွန်တော့်အား ဗိုလ်မှူးကြီးခွန်နောင် က ဗန်းမော်လေယာဉ်ကွင်းတွင်ကူလီခေါင်းလုပ်ခိုင်း၍ ဂျပန်များ၏လှုပ်ရှား
မှုကို ထောက်လှမ်းခိုင်းသည်။
ကျွန်တော်လည်း လေယာဉ်ကွင်းဆောက်လုပ်ရာတွင် လိုအပ်သောအလုပ်သ နားများ စုစည်းခေါ်ယူရင်း ဗိုလ်
မှူးကြီးခွန်နောင်ထံ ပုံမှန်သတင်းပို့ခဲ့သည်။

နောက်များမကြာမှီ ဂျပန်များရု့းစိုက်ရာ ဗန်းမော်မြို့နှင့် လေယာဉ်ကွင်းအား ဗြိတိသျှလေတပ်မှ ဗုံးကြဲတိုက်ခိုက် သည်။ ဗိုလ်မှူးကြီးခွန်နောင်နှင့်အတူ စိန်လုံကဘားသို့ထွက်ပြေးသည်။ ထိုအချိန် ဗိုလ်မှူးဇောဂျွန်းလွှတ်လိုက်
သော တရုတ်တပ်မှတရုတ်များနှင့်လိုက်ပါသွားသည်။

၎င်းတရုတ်တပ်များဖြတ်သန်းခဲ့သောရွာများတွင် တရုတ် တပ်များ ဓါးပြတိုက်သဖြင့် ရွာသားများက ကျွန်တော်
တို့နှစ်ဦးအားဖမ်းဆီးရန် ဂျပန်ကိုတိုင်သည်။
ဗိုလ်မှူးကြီးခွန် နောင်၏ သားသမီးများကို ဒုက္ခမပေးပါ။
နောက်ပိုင်းဗြိတသျှတပ်နှင့်တွေ့ဆုံပြီး ဗြိတိသျှတပ်သို့ဝင်၍ ဖက်ဆစ်ဂျ ပန်များကိုတော်လှန်ရန် စစ်မှုထမ်းခဲ့သည်။

ထိုသို့ဗြိတိသျှတပ်တွင် စစ်မှုထမ်းနေစဉ်အတွင်း မြစ်ကြီးနားခရိုင် ၀ါးရှောင်၊ ဂွေထူဒေသများတွင်တာဝန်ထမ်း
ဆောင်နေစဉ် ဖျားသဖြင့်ဗြိတိသျှစစ်တပ်မှ အိန္ဒြိယပြည်နယ် အာသံ(Assam) သို့ဆေးကုရန် လေယာဉ်ဖြင့်ပို့ လိုက်သည်။

အာသံစစ်ဆေးရုံ၌ တလကြာ ဆေးကုသမှုခံယူပြီး ဗြိတိသျှစစ်တပ်မှ ၁လ နားခွင့်ပေးသည်။
ထို့နောက် အိန္ဒြိယပြည် ဥတရာပရာဒက်ပြည်နယ်ရှိ (Deharadun) မြို့သို့ ကျွန်တော့်အား စစ်သင်တန်းယူရန်ပို့ လိုက်သည်။
စစ်သင်တန်းပြီးသည့်နောက် ပန်ဂျပ်ပြည်နယ် ဟူရှာမြို့တွင်တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာစစ်ကြီး ပြီး
ဆုံးသွားသဖြင့် မြန်မာပြည်သို့ သင်္ဘောဖြင့်ပြန်လာခဲ့သည်။

ကျွန်တော်၏ မိခင်တပ်ရင်းမှာ (2nd-Burma Rifle)ဖြစ်သည်။ စစ်ပြီးနောက်ပိုင်း (1st-Kachin Rifle)သို့ပြောင်းပြီး ဗမာပြည် ကွန်မြူနစ်များကိုတိုက်ရင်း ဖဆပလ ခေတ် ကရင့်တော်လှန်ရေးပေါ်ပေါက်လာသဖြင့် ဗိုလ်ချုပ်နော် စိုင်း ဦးဆောင်သော ကချင်တပ်နှင့် ကရင်တပ်များပူးပေါင်းသော တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ဖဆပလ အစိုးရကိုတော်လှန်ရင်း ယခုတိုင် ကရင်နယ်မြေတွင်ကျန်ရစ်ခဲ့သည်။

ဗိုလ်မှူးကြီးဘန်လင်ဇော်တူး

(ဤတွင် ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်းပြီး၏)

ရှာဖွေရေးသား ဖေါ်ထုတ်သူ

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဆက်လက်ရေးသားဖေါ်ပြသွားပါမည်။

ရဿဿ္ခဿဢ္တဿ္ထူဢ္ဖ်ဲးပဢ္တံဢ္ မၯ၀ဲတဿ္ကစီဢ္တဿ္ဒုးသ့ဢ္ညါအမူး

ဒီဢ္အီဢ္ဆါစူးကႜံဢ္အတဿ္လဲၯဆူကီဿ္နီဢ္၀့‚ ၀့ဿ္အီးစလိဢ္

Aung San Suu Kyi Press Conference ILO

ပယီၯပဒိဢ္တစိၯဘဢ္တစိၯအတဿ္လီတဿ္၀့ၯ

တဿ္တီတဿ္လိၯလဿကညီဖိတဖဢ္ဘဿဢ္စဿၯအိဢ္လံဧါ

ကညီလုဿ္လဿ္ထူသႏူဘဢ္ဃးတဿ္စံဢ္က်ံဢ္

TPC တဿ္အိးထီဢ္ကႜိအမူး ခံဘ်ီတဘ်ီ

ဒီဢ္အီဢ္ဆါစူးကႜံဢ္အတဿ္လဲၯဆူကီဿ္ကႜ့ဢ္နံဢ္ဘၯ (တဿ္ဂီၯမူ)

ပွၯမၯတဿ္ဖီဂ့ဿ္၀ီ (တဿ္ဂီၯမူ)

Karen People's Forum

ကြံမ့ဿ္မုာ္ညဢ္ကရိဖွိဢ္

ဒီဢ္အီဢ္ဆါစူးကႜံဢ္အတဿ္လဲၯဆူကီဿ္ကႜီဢ္တဲဢ္ (တဿ္ဂီၯမူ)



ကညီဖီဢ္စုက၀ဲၯယဲဿ္ဖုကအိဢ္ဃူအိဢ္ဖိးက့ၯ

လဿဿ္ဒိဢ္ IDP တဿ္ထံဢ္လိာ္အိဢ္သကိး (တဿ္ဂီၯမူ)



မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၂)


မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း

အပိုင်း(၂)

စတင်မြစ်ဖျားခံရာသမိုင်းကြောင်း။

အခန်း(၁)

 မြစ်ဆုံစေတီတော်။

 မြစ်တို့၏ ထုံးစံအတိုင်း အကွေ့အကောက်များဖြင့် မြောက်မှ တောင်သို့ စီးဆင်းလာခဲ့သော သံလွင်သည်၊ အရှေ့ဘက်ခြမ်း ထိုင်းနိုင်ငံ မယ်စံလပ်ပြည်နယ်နှင့် အနောက်ဘက်ခြမ်း မြန်မာနိုင်ငံ ကရင်ပြည်နယ် ဖါပွန်ဒေသသို့အရောက်တွင်၊ အနောက်မြောက်မှသည် အရှေ့တောင်သို့၎င်း၊ ထိုမှ တဆင့် အနောက်တောင်နှင့် အနောက်ဘက်သို့၎င်း၊ ကွေ့ဝိုက်လျှက် မြစ်ချိုးကွေ့ကြီးတခု ဖြစ်ပေါ်စေကာ မြန်မာပြည် နယ်နမိတ်အတွင်း အနောက်တောင်ဘက်သို့ ဆက်လက်စီးဆင်းသွားသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်ခြား မြစ်ချိုးကွေ့ကြီး ဖြစ်ပေါ်ခဲ့ရာနေရာတွင် အရှေ့တောင်ဘက်သို့ မြစ်လက်တက်တခု ဖြာထွက်ခဲ့သည်။ ထိုမြစ်လက်တက်သည် သံလွင်မြစ်ကြောင်း၏ စီးဆင်းလာရာ ထိုင်း မြန်မာနယ်နမိတ် မျဉ်းကြောင်း၏ အဆက်ဖြစ်သည်။ ထိုင်းတို့က ၎င်းတို့၏ နယ်နမိတ်အတွင် တ၀က်အပါအ၀င်ဖြစ်သော ထိုမြစ်ကို မိန်ဟိန်း ဟုခေါ်၏။ မြန်မာတို့က သောင်ရင်း ဟုခေါ်ပြီး ကရင်တို့ကမူ သူးမွဲ ဟုခေါ်လေသည်။

သံလွင်မြစ်၏ မြစ်လက်တက်အဖြစ် စတင်ခွဲထွက်နေရာ(သံလွင်၏အနောက်ဘက်ခြမ်း)တွင် ရွာတရွာရှိသည်။ သူးမွဲထာ(သူးမွဲထ)ဟု ခေါ်၏။ K.N.U.က ထိန်းချုပ်ထားသောနေရာဖြစ်ပြီး န၀တစစ်အုပ်စုတို့ လုံးဝ မထိုးဖေါက်နိုင်ခဲ့သော ဒေသတခုလည်းဖြစ်လေသည်။

၁၉၈၉ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့ (၁၃၅၁ ခုနှစ်၊ တန်ခူးလပြည့်၊ သောကြာနေ့)တွင် ထိုနေရာ၌ စေတီတဆူ စတင်တည်ခဲ့သည်။ စေတီ၏ဘွဲ့အမည်မှာ ယခုထက်တိုင် မထင်ရှား။ မြစ်ဆုံစေတီဟုသာ ဒေသ၀န်းကျင်တွင် လူသိများခဲ့သည်။ စေတီတည်သောပုဂ္ဂိုလ်မှာ မြိုင်ကြီးငူဆရာတော် ဖြစ်ပေသည်။

မြိုင်ကြီးငူဆရာတော်

မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် သာမညတော်ဆရာတော်နှင့်အလံတရာဆရတော်ထံ၌လည်း ဆည်းကပ်ဘူးသူဖြစ်သည်။ လှိုင်းဘွဲမြို့နယ် ဇာတိဖြစ်ပြီး ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ သစ်တောဌာနတာဝန်ခံ ပဒိုအောင်ဆန်းနှင့် ညီအကို တ၀မ်းကွဲတော်စပ်သည်။ မြိုင်ကြီးငူထက် အရင်ကျသောနေရာများမှာ အလံတရာတောင်နှင့်သာမညတောင်တို့ဖြစ်သည်။ ထိုနေရာများတွင် ဓါတ်မီးများ ထိန်ထိန်ညီးပြီး လာသမျှ ဒါယကာ ဒါယိကာမများကို ကျွေးမွေးဧည့်ခံနိုင်သည့်အတွက် အမြဲမပြတ် စည်ကားလျှက်နေသည်။ န၀တစစ်တပ်၏ ပေါ်တာဆွဲမှုနှင့်အခြားပဋ္ဋိပက္ခများ ဘာမျှမရှိသည့်အပြင်၊ န၀တအုပ်စုကော၊ တော်လှန်ရေးသမားများပါ လက်နက်ကိုင်ဆောင်မှု မရှိဘဲ သွားရောက်နိုင်သည့်နေရာများဖြစ်သည်။

 မြိုင်ကြီးငူသည် ကော့ကရီကျွန်းနှင့် မဲကော့လာကျွန်းထိပ်အကြားတွင် တည်ရှိသည်။ တခွက်ဖိုးရွာကြီး၏အထက်ပိုင်း၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ဖြစ်သည်။ ၎င်းနေရာ၌ မြို့ရိုးဟောင်း ရှိသည်။ ဘုန်းကြီးကျောင်းကို အမှီပြု၍ ဖြစ်ပေါ်လာခဲ့သော သာမညရွာကဲ့သို့ပင် ရပ်ရွာထူထောင်ကာ နေကြသည်။ ဗုဒ္ဓဘာသာနှင့် လုံးဝ မပတ်သက်သော မူဆလင်များလည်း သွားရောက်နေထိုင်ကြသည်။
ခရစ်ယာန်ဘာသာဝင် စနေအသင်း(အနန်းဘော့စနေအသင်း)လည်း ရှိသည်။
န၀တတပ်များ လာရောက်နှောက်ယှက်ခြင်းမရှိသော နေရာအဖြစ် ထူးထူးခြားခြား သတင်းကြီးလေသည်။

ကျား၊မ မရှောင် ပေါ်တာဆွဲခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ တွေ့သမျှရွာသားများကို ခေါ်၍ ရိုက်နှက် မေးမြန်းစစ်ဆေးခြင်း၊ အခန့်မသင့်ပါက သတ်ပစ်ခြင်း၊ နယ်စပ်ဒေသကျေးရွာများမှ ရွာသူ မိန်းကလေးများကို ရမယ် ရှာဖမ်းဆီးမေးမြန်းကာ အဓမ္မပြု သတ်ပစ်ခြင်း၊ ပေါ်တာကြေးများ ကောက်ခံခြင်း၊ ရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းခြင်း၊ ရွာကို မီးရှို့ဖျက်ဆီးခြင်း၊ ပေါ်တာများကို မနိုင်ဝန်များ ထမ်းခိုင်းပြီး နာဖျားမကျန်းမာဖြစ်ပါက သတ်ပစ်ခြင်း စသည့် လူမဆန်သောကိစ္စများကို န၀တတို့ လုပ်ချင်တိုင်း လုပ်နေသော ဒေသတွင် ထိုကျောင်းအနီး ၀န်းကျင်သို့ န၀တတပ်များ အနှောက်အယှက် ကင်းလွတ်နေသော နေရာဖြစ်သည်။


ရန်ကုန် မန္တလေး စသော မြို့ကြီးပြကြီးများ၌ပင် အတိုက်အခံဟု ယူဆရသော ရဟန်းသံဃာတော်များကို ဖမ်းဆီးထောင်ချ ညှင်းဆဲသတ်ဖြတ်မှုများ ပြုနေပါလျှက်၊ ၎င်းတို့ စိတ်တိုင်းကျ ပိုမိုလုပ်ကိုင်ခွင့်ရနေသော အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့်ဒေသတွင် ထင်ပေါ်နေသော ဒေသတခုဖြစ်လေသည်။

 မြိုင်ကြီးငူဆရာတော်မှာ သာသနာ့ဝန်ပရိယတ္တိစာပေ လေ့လာမှုအဆင့်နှင့်ပတ်သက်၍ ပိဋ္ဋိကတ်သုံးပုံကို အာဂုံဆောင်နိုင်သောဆရာတော်များကဲ့သို့ တိပိဋ္ဋကဓရဘွဲ့ကို ရခဲ့သူဟူ၍ကား ပြောဆိုသံ မကြားရပါ။ သာမန်အဆင့် ရခဲ့သူဖြစ်သည်။ သို့ရာတွင် မြိုင်ကြီးငူဆရာတော်သည် သက်သတ်လွတ်ဆွမ်း ဘဉ်းခြင်းနှင့် မူဝါဒချမှတ်နိုင်ခြင်းတို့ကြောင့် အခြားဆရာတော်များထက် ပို၍ နာမည်ရလာခဲ့သည်။

 မြိုင်ကြီးငူဆရာတော်၏ မူဝါဒ (၅)ချက် ရှိသည်။
(၁) နိုင်ငံရေး မလုပ်ရ။
(၂) ငါးပါးသီလ မြဲရမည်။
(၃) သာသနာ့ နယ်မြေအတွင်း ခိုက်ရန်ဒေါသ မဖြစ်ရ။
(၄) ဘာသာရေး ခွဲခြားစကား မပြောရ။
(၅) အတင်းစကား မပြောရ။
ထိုမူဝါဒများသည်၊ သာမညဆရာတော်ဘုရားကြီး၏ မူဝါဒများနှင့် မတိမ်းမယိမ်း ပင်ဖြစ်သည်။

သာမညတောင်ဆရာတော်ကြီးနှင့်မူဝါဒများကလည်း ထူးမခြားနား ဖြစ်သောကြာင့် သာမညဆရာတော်ကဲ့သို့ ကြည်ညိုသဒ္ဓါပွားကာ ကိုးကွယ်ကြသူများပြားသည်။ ထိုနေရာ၌ မြိုင်ကြီးငူဆရာတော်ကို အမှီပြုကာ နေထိုင်ကြသော ခရစ်ယာန်များပင် သက်သတ်လွတ်စားကြသည်ဟု ဆိုသည်။

 မြစ်ဆုံအရေးကိစ္စ ပေါ်ပေါက်လာပြီးသည့်နောက် မြိုင်ကြီးငူမှ ဖြန့်ဝေသော ကြေငြာချက် စာရွက်စာတမ်းအချို့တွင် မြိုင်ကြီးငူကျောင်း၏ တံဆိပ်တုံးများ ခပ်နှိပ်ထားသည်ကို တွေ့ရသည်။ မြိုင်ကြီးငူ နန်းဦးဘေးမဲ့တောရကျောင်း ဝေယာဝစ္စအဖွဲ့ ဟူသော တံဆိပ်တုံးများနှင့် အလယ်တွင် ကောင်းကင်နောက်ခံနှင့် စေတီပုံပါရှိသော နန်းဦးစေတီတော် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူမြို့ဟောင်းဟူသည့် တံဆိပ်တုံးအ၀ိုင်းများဖြစ်သည်။ တော်ကြို အုံကြား စိမ့်ကြီးမြိုင်ကြီးမှ သာမန်ကျောင်းငယ်ကလေးမဟုတ်ဘဲ၊ ရုံးပုံစံ အဖွဲ့အစည်းပုံသဏ္ဍာန်ဖြင့် ဘေးမဲ့စွာ ရပ်တည်နေသည့် ကျောင်းဖြစ်သည်။
အရေးကိစ္စဖြစ်ပွားစဉ်အတွင်း မြိုင်ကြီးငူမှ ဆုံးရှုံးပျက်စီးခဲ့သော ကျောင်းအချို့နှင့်သိမ်တို့၏ တန်ဘိုးကို ကြေငြာရာတွင် ဘတ်ငွေ(၂၉)သိန်းတန် ကျောင်းတော်၊ ဘတ်ငွေ သုံးသိန်းကိုးသောင်းနှစ်ထောင် ကုန်ကျသည့် သာသနာ့ဝါသုဒ္ဓိ သိမ်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း ကျောင်းနှစ်ဆောင်နှင့်သိမ်တို့၏ တန်ဘိုးစုစုပေါင်းမှာ ဘတ်ငွေ သုံးဆယ်ခြောက်သိန်းတစ်သောင်းနှစ်ထောင်(၃၆,၁,၀၀၀)ဖြစ်ပြီး မြန်မာကျပ်ငွေအားဖြင့် တစ်ကုဋ္ဋေငါးသန်းခုနှစ်သိန်းလေးထောင်သုံးရာလေးဆယ်ခုနှစ်ကျပ်(၁,၅၇,၀၄,၃၄၇ိ)ဘိုးဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။ ဤသည်မှာ မီးလောင်ပျက်စီးဆုံးရှုံးမှုတန်ဘိုးသာဖြစ်ပြီး မပျက်စီး မဆုံးရှုံးသေးသည့်တန်ဘိုးများလည်း များစွာ ရှိနေဦးမည် ဖြစ်လေသည်။

 မြိုင်ကြီးငူဆရတော်သည် မြန်မာပြည်တပြည်လုံး န၀တစစ်အုပ်စုကြောင့် ဘေးဒုက္ခဆိုက်ရောက်နေကြသည့် ဤမျှဆိုးဝါးသော ခေတ်ဆိုးခေတ်ပျက်ကြီးထဲတွင် ဤမျှ ချောင်ကျသော အနက်ရောင်နယ်မြေအတွင်း၌ ဤမျှ ခမ်းနားကြီးကျယ်စွာဖြင့် ဤမျှ ဘေးမဲ့စွာ နေထိုင်သီးတင်းသုံးနိုင်ခဲ့သည်မှာလည်း ကရင့်လူ့အဖွဲ့အစည်းအတွင်း သမိုင်းတင်သင့်လှပေသည်ဟု လေ့လာသူအချို့က ရှုမြင်ကြသည်။ မြိုင်ကြီးငူဆရာတော်နှင့်ပတ်သက်၍ မရေမရာပြောကြားသော ပါးစပ်ရာဇ၀င် များစွာရှိလေသည်။

 ရေစီးအလွန်သန်ပြီး ကျောက်ဆောင်နှင့်ဝဲဂယက်များစွာရှိသော “မသာတံခါး”ကို လှေဖြင့် တပါးတည်း ဖြတ်ကျော်သည်ဟူ၍၎င်း၊ ဈန်ရသည်ဟူ၍၎င်း၊ ကျောင်းဆောင်အတွင်း၌ တရားဘာဝနာရှုမှတ်နေစဉ်အတွင်း တပည့်ဒါယကာ ဒါယိကာမအချို့က သွားရောက်ဖူးမျှော်ရာတွင် ကိုယ်ရောင်ပျောက်သွားသည်ဟူ၍၎င်း၊ ချဲ ထီနံပါတ်များအား ဒက်ထိ မှန်ကန်စွာထိုင်းနိုင်စေရေးအတွက် အတိတ်စိမ်းများပေးတတ်သည်ဟူ၍၎င်း အလွန်ကြည်ညိုစွာ ပြေဆိုကြသူများ အများအပြားရှိလေသည်။

ထိုအရာများ မည်မျှအထိ မှန်ကန်သည်၊ မမှန်ကန်သည် ဆိုခြင်းမှာ ယုံကြည်သူတို့၏ အလုပ်သာဖြစ်သည်။ မိမိတို့၌မူ မြိုင်ကြီးငူဆရာတော်၏ တန်းခိုး အရှိန်အ၀ါကြီးမြင့်မှုကို လက်တွေ့ ထောက်ပြနိုင်သောသာဓကတခုရှိလေသည်။
၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူက ကော်သူလေပြည်နယ်အတွင်းရှ ကရင့်သံဃာတော်များအစည်းအဝေးကို ကျင်းပခဲံသည်။ ကရင့်သံဃာ့နာယကအဖွဲ့ကို ဖွဲ့သည်။ သံဃာ့နာယကထဲတွင် မြိုင်ကြီးငူဆရာတော်ဦးသုဇနနှင့် နို့ဖြူဆရာတော်ဦးဝိဇာန(နောင်တွင်ဘုန်းကြီး ရမ်ဘိုဟု ကျော်ကြားလာသောပုဂ္ဂိုလ်)တို့ပါဝင်သည်။

ထို့နောက်တွင် အကြောင်းကိစ္စတခုဖြင့် မြိုင်ကြီးငူဆရာတော်နှင့်နို့ဖြူဆရာတော်တို့ မြို့သို့အတူကြွရာ မဆလက ဆရာတော်နှစ်ပါးစလုံးကို ထိန်းသိမ်းစစ်ဆေး မေးမြန်းသည်။ နို့ဖြူဆရာတော်မှာ မဆလ၏အကျဉ်းထောင်တွင် စံမြန်းတော်မူရသည်။ အတူပါလာကြသူငယ်ချင်းဖြစ်ပါလျှက် ဘုန်းတန်ခိုးကြီးမားသောမြိုင်ကြီးငူဆရာတော်မှာမူ လုံးဝ အနှောင်အတည်း မခံမရဘဲ လွတ်လပ်စွာ ပြန်လည်ကြွမြန်းနိုင်ခဲ့လေသည်။ သူးမွဲထာနှင့်မြိုင်ကြီးငူဆရာတော် သူးမွဲထာ(သးမွဲထ)မြစ်ဆုံ၌ စေတီတမည်မီကပင် မြိုင်ကြီးငူဆရာတော်သည် “သာခုလော်ကျိုးနှင့်မကယ်”တို့၌ စေတီများ တည်ခဲ့သည်။ သူးမွဲထာ၌ စေတီတည်ရန်အတွက်မူ ကေအဲန်ယူတို့ထိန်းချုပ်ထားသောနယ်မြေဖြစ်၍ ဗိုလ်ချုပ်ကြီးစောဘိုမြထံ ခွင့်တောင်းခဲ့ရသည်။
ဘုရားတည် ကျောင်းဆောက် သာသနာပြုလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးနှင့်မပတ်သက်ဘဲ ဘာသာရေးသက်သက်သာလျှင်ဖြစ်ကြောင်း၊ မြွက်ကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးစောဘိုမြကလည်း ကေအဲန်ယူ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် မူးဝါဒအတိုင်း ခွင့်ပြုခဲ့သည်။
သို့ရာတွင် န၀တစစ်အုပ်စုတို့ အာရုံစူးစိုက်ရာဒေသဖြစ်ပြီး စစ်ပူချိန်လည်း ဖြစ်နေသောကြောင့် တောင်ကုန်းပေါ်၌ ဘုရားတည်သည့်အခါတွင် ထုံးသင်္ဃန်းကပ်လှူခြင်း မပြုပါရန် ကျောင်းများ ဇရပ်များကို သွပ်မိုးခြင်း မပြုပါရန် မအေးချမ်းသေးသောအချိန်၌ တဘက်နိုင်ငံမှ ဒါယကာ ဒါယိကာမများ လာရောက်ပူဇော်စေခြင်း မပြုပါရန် မေတ္တာရပ်ခံခဲ့သည်။

ထိုသို့ မေတ္တာရပ်ခံရခြင်းမှာ တောင်ကုန်းပေါ်ရှိ စေတီကို ထုံးသုတ်လျှင် ထိုစေတီသည် န၀တတို့က ၎င်းတို့၏ ပစ်မှတ်ကို လက်နက်ကြီးဖြင့် ချိန်ရွယ် ပစ်ခတ်နိုင်ရန်အတွက် အဝေးမှ မြင်နိုင်သော ကြားခံအမှတ်အသားတခုသဖွယ်ဖြစ်သွားပြီး ထိုစေတီကို မူတည်ကာ ရှေ့နောက် ၀ဲ ယာ ဒီဂရီများကို တွက်ဆနိုင်ကြမည် ဖြစ်သောကြောင့်ပင်။
သွပ်မိုးခြင်းမှာလည်း ထို့အတူပင်ဖြစ်လေသည်။ ထိုင်းဘက်မှ လာသော ဒါယကာ ဒါယိကမများကို လက်ခံဖိတ်ခေါ်မှု မပြုစေခြင်းမှာ ဘာသာရေးကို ခုတုံးလုပ် အသုံးချတတ်သည့် ရာဇ၀င်အထင်အရှား ရှိခဲ့သော န၀တအနေဖြင့် ထိုင်းဘက်ကမ်းမှ သာမန်အရပ်သားများနှင့် ရောနှောကာ ဥပသကာယောင်ဆောင်လျှက် စေတီကို အကြောင်းပြ ၀င်ရောက်လာရင်း နယ်မြေအခြေအနေများအား စုံစမ်းထောက်လှမ်းမှုပြုနိုင်ကြသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ မေတ္တာရပ်ခံကာ အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းကို ဆရာတော်နှင့်ဘာသာဝင်များက ကြိုက်နှစ်သက်လိမ့်မည် မဟုတ်သည်ကိုလည်း ကေအဲန်ယူအဏာပိုင်များက သိထားသော်လည်း စစ်ရေးကိစ္စဖြစ်၍ အတင်းအကြပ် တားမြစ်မှုများ ဖြစ်ပေါ်လာလေသည်။ ဆရာတော်သည် တားမြစ်သည့်ကြားမှ စေတီတော်ကို ဆောက်ပြီး တပိုင်းတစနှင့် မြိုင်ကြီးငူသို့ ပြန်၍ ၀ါဆိုသည်။ စောချား(လ်)နှင့်မြိုင်ကြီးငူဆရာတော် ၀ါလ ကင်းလွတ်သည့်တိုင် သူးမွဲထာမှ စေတီကို မြိုင်ကြီးငူဆရာတော် ဆက်မတည်ဖြစ်ခဲ့ချေ။
၁၉၉၀ ပြည့်နှစ်တွင်မှ မြိုင်ကြီးငူဆရာတော်ကို သူးမွဲထာသို့ ထပ်မံ ပင့်ဖိတ်ရသည်။ မြိုင်ကြီးငူဆရာတော်အား သူးမွဲထာသို့ ကြွရန် ပင့်ဖိတ်သူမှာ ကေအဲန်ယူနိုင်ငံခြားရေးဌာန ၀န်ကြီး ဒေါက်တာ “အမ်မာတာ”ဖြစ်သည်။
 ကေအဲန်ယူတွင် သာသနာရေးဦးစီးဌာန သီးခြားမရှိသောကြောင့် ထိုကိစ္စကို နိုင်ငံခြားရေးရာဌာနမှပင် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး စောချား(လ်)၏ ပြဿနာကို ဖြေသိမ့်သည့်အနေဖြင့် မြိုင်ကြီးငူဆရာတော်အား သူးမွဲထာမှာ၌ စိတ်တိုင်းကျ စေတီတည်၊ ကျောင်းဆောက်ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ဒု- ဗိုလ်မှူးကြီး စောချား(လ်)မှာ ဗိုလ်ချုပ်ကြီး၏ ဇနီးနှင့် မောင်နှမ၀မ်းကွဲ တော်စပ်သူဖြစ်သည်။ ပြင်းထန်သော လူမျိုးရေးစိတ်ဓာတ်ရှိသည်။ ကျောင်းမနေခဲ့ဘူးချေ။

ထင်ရာမြင်ရာကို ဇွတ်လုပ်တတ်ခြင်းကြောင့် အမှားအယွင်းများစွာ ရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးမြမှာ စောချား(လ်)ကို အတော်ပင် သံယောဇဉ်ရှိသော်လည်း အပြစ်ကျူးလွန်မှုများအတွက် စောချား(လ်)အား မကြာခဏ အချုပ်ထဲ ထည့်ခဲ့ရသည်။ ဒု-ဗိုလ်မှူးကြီးရာထူးအထိ စောချား(လ်)ရခဲ့ခြင်းမှာ သူ၏ အစွမ်းအစဖြင့်သော်၎င်း လုပ်ဖေါ်ကိုင်လက်များ၏ ထောက်ခံမှုဖြင့်သော်၎င်း ရခဲ့ခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်ကြီးမြ၏ ပုဂ္ဂိုလ်ရေး သံယောဇဉ်ကြောင့်သာ ရခဲ့ခြင်းဖြစ်သည်။

အမျိုးသားအပေါ်သစ္စာရှိစွာဖြင့် တက်ကြွစွာ ဆောင်ရွက်တတ်သော်လည်း စိတ်ထင်ရာဇွတ်လုပ်တတ်သည့် စောချား(လ်)အား ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းလာစေလိုသည့်သဘောဖြင့် ၎င်းတောင်းဆိုသော ရာထူးတာဝန်များကို ပေးအပ်ခဲ့ခြင်းလည်း ဖြစ်ဟန်ရှိသည်။

၁၉၈၂ ခုနှစ် မဆလ၏ တပ်မ(၄၄)စစ်ကြောင်းမှူး ဗိုလ်မှူးကြီးလှမြင့် “မဲသဝေါ”၌ ရှိနေသည်။ မဲသဝေါ၏ ညာတောင်ပံကို ကာကွယ်တိုက်ခိုက်ပေးမည်ဟု ဆိုကာ နေရာယူလာခဲ့သည်။ မဲသဝေါကို တာဝန်ယူ ခုခံခဲ့သောတပ်မှူးများမှာ ဗိုလ်ခလိ၊ ဗိုလ်အေး၊ ဗိုလ်မောင်ဒူးလေး၊ ဗိုလ်ထဲနာတို့ ဖြစ်သည်။

 မဲသဝေါကို ရန်သူထိုးစဉ် ရဲဘော်အကျအဆုံးရှိသည့်အတွက် ရန်သူပြန်ဆုတ်သွားပြီးနောက် မဲသဝေါ ထိုင်းဘက်ကမ်းတွင် ဘုရားရှိခိုးဆုတောင်းပွဲလုပ်ရန် ခေါ်ယူသည်။ ဘုရားမရှိခိုးမီ (၂)ရက်အလိုပင်တွင် ဗိုလ်ထဲနာ ဂိတ်မှူး၊ ဗိုလ်ခလိ လုံခြုံရေးမှူး စသည့်ဖြင့် မဲသဝေါတာဝန်ခံများကို ဖွဲ့စည်းသည်။ ထိုင်းဘက်ကမ်းတွင် ယိုးဒယားကဇာတ်အဖွဲ့ကို ခေါ်ယူကာ ပွဲခံ ကျင်းပသည်။ ဗိုလ်အေးဦးနှင့် စောချား(လ်)မသင့်မတင့် ဖြစ်ကြသည်။

 နောက်တနေ့ ဘုရားရှိခိုးရာတွင် စောချား(လ်)က စင်ပေါ်တက်ပြီး မိမိအား မဲသဝေါတာဝန်ခံအဖြစ် ပေးအပ်လျှင် အသက်ပေး ကာကွယ်မည်ဖြစ်ကြောင်း ပြောကာ မဲသဝေါကို တာဝန်ခံခွင့်တောင်းသည်။ ၎င်း၏အမည်ကိုလည်း “လေးဂေါ”ဟု ပြောင်းလိုက်သည်။
 မဲသဝေါတာဝန်ခံများကို ခန့်ထားစဉ်က ဗိုလ်ချုပ်လှထူး၊ ဒုဗိုလ်ချုပ်တာမလာဘော၊ ဗိုလ်မှူးကြီးကစယ်ဒိုနှင့် ဗိုလ်ချုပ်သန်းအောင်(ဒု-ဥက္ကဌ)တို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခဲ့ကြသည်။

ဗိုလ်ချုပ်မြက ထိုဆုံးဖြတ်ချက်ကို ပြင်ပြီး စောချား(လ်)အား ဒု-ခွဲမှူး၊ ဒု-ဂိတ်တာဝန်ခံ ခန့်ပါဟု ဆိုသဖြင့် ပဒိုဘောယူဖေါက ဗိုလ်ခလိအား ကာကွယ်ရေးဌာနသို့၎င်း၊ ဗိုလ်အေးဦးအား မော်ဖိုးကေအသံလွှင့်ရုံ လုံခြုံရေးမှူးအဖြစ်၎င်း ပြောင်းရွှေံခဲ့သည်။ ဗိုလ်ထဲနာမှာမူ ရွေးကောက်ထားသည့်အတိုင်း ဂိတ်မှူးတပ်ခွဲမှူးဖြစ်၍ စောချား(လ်)မှာ ဒု-ဂိတ်မှူး၊ ဒုခွဲမှူး ဖြစ်လာသည်။

၁၉၈၄ ခုနှစ်တွင် မဲသဝေါကျပြီးနောက် မော်ဖိုးကေသို့ တပ်ခွဲ(၃)ခွဲအင်အားဖြည့်ရာ ဗိုလ်ထဲနာ၊(၁)ခွဲ၊ ဗိုလ်စောချား(လ်)(၁)ခွဲကျော်နှင့် ဗိုလ်မောင်ဒူးလေး၊ ဗိုလ်အေးဦးတို့ တပ်ခွဲများမှ တပ်စုများ၊ လက်နက်ကြီးတပ်ခွဲများ၊ ရခိုင်၊ မွန်၊ ၀ နှင့် မူဆလင်တို့ပါ ပါဝင်သွားကြသည်။

၁၉၈၉ ခုနှစ်တွင် မော်ဖိုးကေကျပြီး ဗိုလ်ထဲမာနှင့်ဗိုလ်စောလချား(လ်)တို့ ရှေ့တန်းပြန်ရောက်သည်။ ထွီးဖါးဝီကျိုးတိုက်ပွဲမတိုင်မီတွင်ပင် စောချား(လ်)တပ်ခွဲမှူးဖြစ်လာခဲ့သည်။
ဗိုလ်ထဲနာက ကာကွယ်ရေးမှူးဖြစ်သွားသည်။ တပ်ခွဲ(၂)ကို စောချား(လ်)ပြန်ကိုင်သည်။
၎င်းရှေ့တန်း၌နေစဉ် ဆင်ကိစ္စအရှုပ်အရှင်း၊ လူသတ်မှု၊ မုဒိန်းမှုနှင့် ကျေးရွာများကို အဆမတန် အခွန်ကောက်ခြင်း များ ပြုလုပ်ခဲ့သည်။ တချို့ရွာများကို တစ်သိန်း၊ နှစ်သိန်းအထိ အခွန်ကောက်ယူခဲ့ကြောင်း သိရသည်။

တပ်ခွဲမှူးဘ၀ဖြင့် လှိုင်းဘွဲမြို့နယ်တွင်ရှိနေစဉ် လှိုင်းဘွဲမြို့နယ်ကော်မတီနှင့်ပြဿနာတက်သောကြောင့် ဗဟိုမှ ပြန်ခေါ်ကာ ထိန်းသိမ်းထားရသည်။ စောချား(လ်)လှိုင်းဘွဲမြို့နယ်အတွင်း ဤကဲ့သို့မဆင်မခြင် လုပ်မှုများကို မြိုင်ကြီးငူဆရာတော်က မနှစ်သက်ချေ။

 မြိုင်ကြီးငူဆရာတော်နှင့် စောချား(လ်)တိုက်ရိုက် ပတ်သက်ခြင်းမရှိသော်လည်း စောချား(လ်)၏အပြစ်မှာ ကေအဲန်ယူ၏အပြစ်လိုဖြစ်နေသည့်အတွက် ထိုအပြစ်တို့ကို ကျေအေးခွင့်လွှတ်စေရန် နှစ်သိမ့်သည့်အနေဖြင့် မြိုင်ကြီးငူဆရာတော်အား သူးမွဲထာ၌ ဘုရားတည် ကျောင်းဆောက်ခွင့်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ် ထွီးဖါးဝီကျိုးတိုက်ပွဲဖြစ်ပြီးနောက်တွင် စောချား(လ်)လှိုင်းဘွဲမြို့နယ်ဥက္ကဌ ဖြစ်လာသည်။ မြို့နယ်ကော်မတီမှာ ညံ့ဖျင်းသည့်အတွက် ရန်သူဝင်ရောက်လာရကြောင်း၊ ထို့ကြောင့် ၎င်းကိုယ်တိုင် မြို့နယ်ကို ကိုင်လိုကြောင်းပြောသဖြင့် ဗိုလ်ချုပ်ကြီးမြက စောချား(လ်)ကို မြို့နယ်ဥက္ကဌ ခန့်လိုက်ခြင်းဖြစ်သည်။

 မြို့နယ်ဥက္ကဌအဖြစ် တာဝန်ယူရသည့်အခါတွင် ကရင်အမျိုးသားကို ကာကွယ်ဘို့ရန်အတွက် ကရင်တိုင်းတွင် တာဝန်ရှိကြောင်း သဘောပေါက် နားလည်အောင် စည်းရုံးပြောဆိုခြင်းမပြုဘဲ၊ ရွာသားများအား အတင်းအဓမ္မ တပ်ထဲသို့ ၀င်ခိုင်းသည်။

ထို့ကြောင့် ရွာသားအတော်များများက ထွက်ပြေးပြီး မြိုင်ကြီးငူဆရာတော်ထံ ခိုလှုံသွားကြသည်။
ရွာသားများရှိရာ ဘုန်းတော်ကြီးကျောင်းသုံးကျောင်းကို သွားပြီး ဖမ်းဆီးမှုများ လုပ်သည်။
န၀တတို့၏ အမူအကျင့်အတိုင်း လုပ်နေသောကြောင့် ဗဟိုလ်မှ ပြန်လည်ခေါ်ယူ ထိန်းသိမ်းထားရသည်။
 မြို့နယ်တွင်သာမဟုတ် ဗဟိုလ်ရှိ ဗုဒ္ဓဘာသာဝင် ရဲဘော်များကိုလည်း အနိုင်ကျင့်တတ်သည်ဟု သိရသည်။
 မြိုင်ကြီးငူဆရာတော်နှင်မူ တိုက်ရိုက်ပတ်သက်မှု မရှိချေ။

(ယခု အချိန်တွင် လှိုင်းဘွဲမြို့နယ်ဥက္ကဌ၊ ဒု-ဗိုလ်မှူးကြီးစောချား(လ်)နှင့်ကေအဲန်လဲလ်အေဗဟိုလ်လုံခြုံရေးကွန်မန်ဒိုတပ်မှူး ဗိုလ်မှူးစောဝေါလ်တယ်တို့အား ရာထူးမှ၎င်း၊ အစည်းအရုံးမှ၎င်း ထုတ်ပယ် ပစ်လိုက်ပြီးဖြစ်ကြောင်း ကြားသိရလေသည်)။

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း
 ဖြစ်ရပ်မှန်အပိုင်း(၃)ကို ဆက်လက်ဖေါ်ပြပါမည်

 Copy from
http://parsithan.blogspot.com/2012/06/blog-post_9906.html

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၁)

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း 
အပိုင်း(၁) 
နိဒါန်း

မာနယ်ပလောမှ မီးတောက်မီးလျှံများ 

မာနယ်ပလောသည် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကြီး၏ အမာခံ အခြေစိုက်စခန်းကြီးဖြစ်၏။
ကေအဲန်ယူ၏ ဗဟိုဌာနချုပ် ဖြစ်သည်သာမက၊ မြန်မာနိုင်ငံအစိုးရအား အတိုက်အခံပြု ဆန့်ကျင်လျှက်ရှိသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၏ (N.D.F)တပ်ပေါင်းစုဗဟိုဌာနချုပ်အဖြစ် ထယ်ဝါစွာရပ်တည်နိုင်ခဲ့သော စခန်းကြီးလည်း ဖြစ်၏။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(A.B.S.D.F)။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(N.C.G.U.B)။
မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂ(A.B.Y.M.U)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ(N.L.D.L.A)။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(D.P.N.S)။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(P.L.F)။
ပြည်သူ့ပြည်ချစ်ပါတီ(P.P.P)။
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်များအစည်း အရုံး(A.B.M.U)။
အစရှိသော ပြည်တွင်းပြည်ပ လူထုထောက်ခံမှုကို ရရှိနေသည့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လွတ်မြောက်နယ်မြေလည်း ဖြစ်၏။

ဒီမိုကရေစီကိုလိုလားကြသောလူထုကြီး၏ ယုံကြည်လေးစားရာ၊ အမျိုးသားလွတ်မြောက်ရေးကို တောင့်တကြ
သော တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်အားထားရာ၊ ကမ္ဘာ့လူထုအများစုလက်မခံသည့် န၀တ စစ်အုပ်စု၏ မုန်းတီး ကြောက်ရွံ့ အပုပ်ချရာဖြစ်သော၊ ထို မာနယ်ပလောစခန်းကြီးအား တော်လှန်ရေးအဖွဲ့အစည်းများအနေ
ဖြင့် ဆက်လက်ချုပ်ကိုင်ထားရန် မဖြစ်နိုင်တော့သည့်အခြေအနေသို့ ဆိုက်ရောက်လာရသောကြောင့် ၁၉၉၅ ခုနှစ် ဇန်န၀ါရီလ(၂၆)ရက်နေ့တွင် မီးရှို့ဖျက်ဆီး စွန့်ခွာခဲ့ရလေသည်။

တော်လှန်စနစ်ကို ဆင်နွှဲရာ၌ ခံစစ်သေစခန်းသည် မည်မျှပင် တောင့်တင်းခိုင်မာစေကာမူ တချိန်မဟုတ် တချိန် တွင် ကျဆုံးရမည်ဆိုသည်ကို တော်လှန်ရေးသမားတိုင်းက သဘောပေါက် နားလည်ကြသည်။
ကေအဲန်ယူ၏ ခေါင်းဆောင်ပိုင်းတို့သည်လည်း ထိုအချက်ကို သိနားလည်ကြပြီး ဖြစ်သည်။
သို့ရာတွင် မာနယ်ပလောကို ထိုမျှ တိုတောင်းသောအချိန်အတွင်း ထိုကဲ့သို့သော စွန့်လွှတ်မှုမျိုးဖြင့် စွန့်လွှတ်
ကြရလိမ့်မည်ဟူ၍မူ မည်သည်ကမျှ မမျှော်လင့်ခဲ့ကြချေ။ မာနယ်ပလော၏ ပထ၀ီအနေအထားမှာ ရန်သူများ လွယ်ကူစွာထိုးဖေါက်၍ မရနိုင်သည့် သဘာဝပတ်ဝန်းကျင် ရှိနေသည်။
ထိုင်းနိုင်ငံဘက်မှမကူးနိုင်လျှင် မာနယ်ပလောကို လွယ်လွင့်ဖြင့် ရရှိနိုင်မည်မဟုတ်။ ထိုင်နိုင်ငံကလည်း ကူးခွင့် မပေး။
န၀တ အုပ်စုထံမှ အကျိုးအမြတ်ကိုမျှော်ကိုးပြီး အပြုသဘောဆက်ဆံရေးပေါ်လစီကို ကိုင်စွဲထားသော်လည်း
ကေအဲန်ယူနှင့် ကမ္ဘာ့လူထုအပေါ်တွင်မူ ထိုမျှလောက်အထိ မျက်နှာပြောင် မတိုက်ရဲကြ။

န၀တ အုပ်စုသည် မဆလ အုပ်စု ဘ၀တည်းကပင် ဖလူး၊ ဝေါ်လေ၊ သေဘောဘိုး၊ မယ်လ၊ မယ်သဝေါ၊ ကော့မူး
ရာ စသည့်စခန်းများကို အကြိမ်ကြိမ် အဖန်ဖန် တိုက်ခိုက်ခဲ့ကြ၏။
အကြိမ်ကြိမ် အခါခါလည်း သိမ်းပိုက်နိုင်ခဲ့၏။
သို့ရာတွင် မာနယ်ပလောစခန်းသို့မူ အနားပင် မသီနိုင်ခဲ့။

မြစ်ဆုံအရေးခင်းကာလ DKBA နှင့်ဆွေးနွေးညှိနှိုင်းခဲ့သည့် ဗိုလ်မှူးတူးတူးလေး
မဆလ၊ န၀တ သည် မာနယ်ပလောကို စစ်ရေးအရ ချေမှုန်းရန် ကာလ ကြာရှည်စွာကပင် ကြိုးစားခဲ့သော်လည်း မာနယ်ပလောနှင့် များစွာကွာလှမ်းသေးသော နေရာများမှပင် ရှုံးနိမ့်သူများစွာဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရသည် ချည်း ဖြစ်သည်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှ အစပြုခဲ့သော နဂါးမင်းစစ်ဆင်ရေးသည် အကြီးကျယ်ဆုံး ဖြစ်သည်။
 လူအင်အား၊ လက်နက်အင်အား မီးကုန်ယမ်းကုန် အကြီးအကျယ်သွန်၍သုံး၏။ အကြီးအကျယ်ဆုံးဖြစ်သည့်အလျောက် အကြီးအကျယ် ဆုံးရှုံးရသည့်ုပြင် တပ်သားများ စိတ်ဓာတ်ပျက်ပြားကာ အထက် အောက် အဆင့်ဆင့်အမိန့်ဖီဆန်မှုများဖြင့် တပ်တွင်းပဋိပက္ခဖြစ်သည့် အခြေအနေမျိုးပေါ်ပေါက်လာပြီး ကမ္ဘာ့နိုင်ငံများက ရှုံ့ချပြစ်တင်ဖိအားပေးလာခြင်းတို့ကြောင့် ၁၉၉၂ ခုနှစ် ဧပြီလ(၂၈)ရက်သို့အရောက်၊ တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားချင်းပြန်လည်သင့်မြတ်ရေးကို ရှေးရှု၍ ကရင်ပြည်နယ်ထိုးစစ်ကို(တဘက်
သတ်)ရပ်ဆိုင်းလိုက်ကြောင်း အသေးနုတ်ဆုံးကြေငြာချက်ကလေးကိုထုတ်ပြန်ပြီး ပြန်လည်ဆုတ်ခွါခဲ့ရလေသည်။

၎င်းတို့၏ မတရားမှုနှင့် ရှုံးနိမ့်မှုကို မလုံမလဲ ဖြစ်သောကြောင့် သတင်းစာ မျက်နှာဖုံးတွင် စာလုံးမဲကြီးများဖြင့် ထင်
ထင်ရှားရှား မကြေငြာရဲကြ။
သတင်းစာ ကျောဘက်တွင် ခပ်သေးသေး ဘောင်ကလေးဖြင့်၊ ဗိုလ်ချုပ်မောင်လှ ဖားအံတပ်အတွင်း၌ ပြောကြား ခဲ့သည်ဆိုသော ထိုကြေငြာချက် သတင်းကလေးကို မ၀ံ့မရဲဖေါ်ပြခဲ့ရလေသည်။

သတင်း ကြေငြာချက်သာ ထုတ်ပြန်ခဲ့သော်လည်း န၀တ သည် ၎င်း၏ထိုးစစ်ကို မည်သည့်အခါမျှမရပ်ဆိုင်းခဲ့ချေ။
မာနယ်ပလောမှ လွဲ၍ ကရင်ပြည်နယ်အတွင်း နေရာများစွာ၌ အခွင့်အရေးရလျှင်ရသလို ကြိုကြားကြိုကြား တိုက်
ခိုက်နေခဲ့သည်။ 
၎င်းတို့၏ ကျူးကျော်တိုက်ခိုက်မှုကိုလည်း K.N.U  ကပင် တိုက်ခိုက်သောကြောင့် ပြန်လည်တိုက်ခိုက်သယောင်
ကြေငြာခဲ့သည်။

န၀တ သည် မာနယ်ပလောကို ဖြိုဖျက်မည်ဟု မည်မျှပင် လေလုံး မိုးလုံး ထွားပြီးပြောဆိုစေကာမူ ပြောသည့်အ
တိုင်း မလုပ်နိုင်ခဲ့ချေ။ လက်နက်ကြီးများ၊ ရဟတ်ယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် အမျိုးမျိုးသော ဗုံးဆံများကို အသုံးပြုကာ မရ မနေ တိုက်ခိုက်မည်ဆိုလျှင်လည်း ကြီးစွာသောအရင်းအနှီးများကို ပေးဆပ်ကြရမည်ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်နိုင်ရန်အတွက် စစ်သည် အင်အားများစွာနှင့် ၀န်ထမ်း(ပေါ်တာ)အင်အားများစွာကို လိုအပ်
မည်ဖြစ်သည်။
ပြည်သူလူထုကလည်း လက်မခံ၊ ကမ္ဘာကလည်း ဖိအားပေးနေသည့်အချိန်တွင် ပေါ်တာများ နင်းကန်ဆွဲ၍လည်း မဖြစ်နိုင်။
လူထု မကြေမနပ်ဖြစ်ကာ ခံနိုင်စွမ်းရည်ကုန်ဆုံးပြီး ထပ်မံအုံကြွလာနိုင်သည်။
၎င်း၏တပ်တွင်း မညီညွတ်မှု ဖြစ်နေခြင်းကြောင့်လည်း ထိုကဲ့သို့ တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ဒီမိုကရေစီအင်အားစုများ၏ မာနယ်ပလောကို ချေမှုန်းလိုသော န၀တ မှာ ဆုပ်လည်းစူး စားလည်းစူး ဖြစ်ကာ အကျပ် ဆိုက်နေခဲ့သည်။
 
သို့ဖြစ်၍ ၎င်း၏ စစ်ဆင်ရေးနည်းသစ်ကို စနစ်တကျ အကွက်ချကာ စီစဉ်ခဲ့ရလေသည်။
န၀တ သည် မာနယ်ပလောကို အင်အားသုံးလျှက် အနိုင်ယူရန် မတွေးဝံ့တော့ချေ။
ထိုမျှလောက်အထိ ရန်သူ (န၀တ)က ခန့်ညားရိုသေခဲ့ရသောမာနယ်ပလောကို ကေအဲန်ယူအပါအ၀င် တော်လှန်
ရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ဆုံးရှုံးခဲ့လိုက်ကြရပြီ ဖြစ်သည်။

နေရပ်ရင်းကို စွန့်ခွါနေကြရသည့် မျိုးဆက်သစ်ကရင်လေးများ

ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုသာ ချန်လှပ်ထားခဲ့ပြီး၊
ဗဟိုဌာနချုပ် General Head Quarter အဆောက်အဦး၊
မာနယ်ပလော အစည်းအဝေးခန်းမဆောင်ကြီး၊
မ.ဒ.တ (N.D.F)ရုံး။
မ.ဒ.မ.ခ(D.A.B)ရုံး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)(N.L.D.L.A)ရုံး။
ကရင်လူငယ်အစည်းအရုံး(K.Y.O)ရုံး။
ကရင်အမျိုးသမီးအစည်းအရုံး(K.W.O)ရုံး။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(N.C.G.U.B)ရုံး။
ကရင်အမျိုးသားရဲတပ်ဖွဲ့(K.N.P.F)ရုံး။
စသည့် ရုံးအဆောက်အဦအသီးသီးနှင့် လူနေအဆောက်အဦများအားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ (ယာဒေးနီနှင့် ထီးသေခီးတို့မှ အဆောက်အဦများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။)

ထို မီးတောက်မီးလျှံများသည် မီးရှို့လိုက်ကြသူများ၏ ရင်ကိုသာမက၊ ဒီမိုကရေစီရေးနှင့်အမျိုးသားလွတ်မြောက်ေ
ရေးကို အားပေးထောက်ခံကြသော ပြည်တွင်းပြည်ပရှိလူထုအားလုံး၏ ရင်ကိုပါ ကူးစက်လျှက် ပူပြင်းလောင်မြိုက်
ကြေကွဲစေလေသည်။

မည်သည့်နည်းနှင့်မျှ ဆက်လက်ချုပ်ကိုင်ထားရန် မသင့်လျှော်တော့သောကြောင့် စခန်းကြီးအား လက်လွှတ်
လိုက်ရသည့် အချိန်တွင် ရန်သူ န၀တ၏ သိမ်းပိုက် ဖျက်ဆီးမှုကို မခံပဲ၊ မိမိတို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ခြင်းမှာ
မြင့်မြတ်မှန်ကန်သော လုပ်ရပ်ဖြစ်သည်။
မိမိတို့ပစ္စည်းကို ရန်သူ မရစေရ။
မိမိတို့စွန့်ခွါခဲ့သော နယ်မြေကိုဝင်၍ သိမ်းပိုက်လိုက်နိုင်ခြင်းမှ လွဲလျှင် မည်သို့သော အကျိုးအမြတ် တခုတလေမျှ ရန်သူမရရှိစေရ။ ဤသည်မှာ ရန်သူအပေါ် ထားရှိ ကျင့်သုံးရမည့် သဘောထားအမှန်ပင် ဖြစ်သည်။
သို့ဖြစ်၍ ကေအဲန်ယူသည် ဘာသာရေးအဆောက်အဦများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများမှ လွဲ၍ ကျန်အရာ
အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြလေသည်။
မာနယ်ပလောသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်များကို ပိတ်ပင်ဖိနှိပ်မှုခံရခြင်း၏ ပြ
ယုဂ် ဖြစ်၏။
မဆလ၊ န၀တ တို့၏ စစ်အာဏာရှင်စနစ်ကို ပေါ်လွင် ထင်ရှားစေသော ပြယုဂ်လည်း ဖြစ်၏။
အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီရေးကို လိုလားကြသော အဖွဲ့အစည်း
များ၏ စည်းလုံးညီညွတ်မှု ပြယုဂ်တခုလည်း ဖြစ်လေသည်။

နေရပ်ရင်းကို စွန့်ခွါနေကြရသည့် ကရင်ဒုက္ခသည်အချို့

မာနယ်ပလောကား မီးဟုန်းဟုန်း တောက်လျှက် ကျန်ရစ်ခဲ့လေပြီ။
သို့ရာတွင် မာနယ်ပလော၏ မီးတောက်မီးလျှံများသည်၊ ဖေါ်ပြပါ ပြယုဂ်များကို မ၀ါးမြို မဖျက်ဆီးနိုင်ယုံမျှ မက
ပြယုဂ်သစ်တခုကိုပင် ထပ်ဆင့် မွေးဖွားပေးလိုက်လေသည်။
ထိုပြယုဂ်၏တန်ဖိုးမှာ အတော်ပင် ကြီးမားသည်။
ထိုပြယုဂ်ကို ရရှိဘို့ရန်အတွက် မာနယ်ပလောသည် မိမိကိုယ်မိမိ မီးလောင်ပြင်အဖြစ် စတေးခံခဲ့ရလေသည်။

သမိုင်းပေးတာဝန် မာနယ်ပလောကို လက်လွှတ်လိုက်ရခြင်းသည် (၄၆)နှစ်ကျော် ရပ်တည်ခဲ့သော ကေအဲန်ယူ ကရင့်အမျိုးသားအစည်းအရုံးကြီး၏ တဆစ်ချိုး အပြောင်းအလဲကြီးတခု ဖြစ်သည်။
မာနယ်ပလောကို ဆုံးရှုံးရသော်လည်း ကရင့်တော်လှန်ရေး ဆက်လက်ရှင်သန်တည်တံ့နေဦးမည်ဆိုသည်ကို ယုံမှားသံသယ ဖြစ်ဘွယ်မရှိ။

သို့သော်မာနယ်ပလောကကို လက်လွှတ်စွန့်ခွါလိုက်ရမှုသည် ကရင့်တော်လှန်ရေးအတွက် ကြီးမားသော အရင်း
အနှီးကြီးတခုကို ပေးဆပ်လိုက်ရခြင်း ဖြစ်သည်သာမက မာနယ်ပလောကို ခြေကုတ်ယူလျှက် ရန်သူ န၀တ စစ်
အစိုးရအား ဆန့်ကျင်ဘက် အတိုက်အခံပြုနေကြသော မဟာမိတ်အဖွဲ့အစည်းများအတွက်ပါ ထိခိုက်နစ်နာမှုကြီး
တရပ် ဖြစ်လေသည်။
န၀တ စစ်အုပ်စုအတွက်မူကား ပြည်သူလူထုနှင့် ကမ္ဘာ့အလယ်တွင် မျက်နှာပြောင်စွာလက်မထောင် ခေါင်းမော့ပြ
နိုင်မည့် မဟာအောင်ပွဲကြီးတရပ်ပင် ဖြစ်လေသည်။

 မိမိတို့ ကရင်မျိုးသား သမိုင်းသုတေသနအဖွဲ့သည် ကရင့်သမိုင်းကြောင်းကို လေ့လာစူးစမ်း မှတ်တမ်းပြုစုရာတွင် ကရင်အမျိုးသားများ ဆင်းသက်လာပုံ ဒေသပထ၀ီ သမိုင်းကြောင်းမှအစ ကရင့်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာ
စကား၊ စာပေ၊ ဂီတ၊ ကဗျာလင်္ကာ၊ မိရိုဖလာ ကိုးကွယ်ယုံကြည်မှုများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ ပွဲ
လမ်းသဘင် ဆင်ယင်ကျင်းပမှုများ စသည့် လူ့အဖွဲ့အစည်း၏ အင်္ဂါရပ်များတွင် ပါဝင်စမြဲ ဖြစ်သော အကြောင်းအ
ရာများကိုသာမက အမျိုးသားရေးလှုပ်ရှားမှုသမိုင်းကြောင်းနှင့် အမျိုးသားရေးလွတ်မြောက်ရေးအတွက် ပေါ်ပေါက်
လာရသော ကရင့်တော်လှန်ရေးသမိုင်းကြောင်းကိုပါ သုတေသနပြုစု မှတ်တမ်းတင်သွားမည် ဖြစ်ပါသည်။

ကရင့်တော်လှန်ရေးသမိုင်းကြောင်းကို မှတ်တမ်းပြုရာတွင် မာနယ်ပလော၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရ။ မာနယ်ပလောသည် တောကြို အုံကြား နေရာလေးတခုမျှသာ ဖြစ်သည်။

သို့ရာတွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာပင် ကေအဲန်ယူကို ပြည်သူလူထုတရပ်လုံးကသာမက ကမ္ဘာ့နိုင်ငံအများအပြားကပင် အာရုံစိုက်လာစေခဲ့သော နေရာဖြစ်လေသည်။ မြန်မာဒီမိုကရေစီရေး အင်အားစုများ၏ လွတ်မြောက်နယ်မြေဖြစ်သည့်အလျောက် မာနယ်ပလောသည် ယခင် အချိန်များကထက် ပို၍ သတင်းကြီး၏။ ကေအဲန်ယူ၏ ရပ်တည်မှုကို ပို၍ ထယ်ဝါစေခဲ့၏။

 မာနယ်ပလော၌ အစည်းအဝေးပွဲများ၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ ကရင့်တော်လှန်ရေး၏ နေ့ကြီးရက်ကြီးအခမ်အနားများ ပို၍ ကြီးကျယ်စွာ၊ ပို၍ များပြာစွာ ကျင်းပနိုင်ခဲ့သည်။ အစည်းအဝေးပွဲများမှနေ၍ ကမ္ဘာသိဆုံးဖြတ်ချက်များကို ကြေငြာနိုင်ခဲ့သည်။
တော်လှန်သောမျိုးဆက်သစ်များအတွက်လည်း အတတ်ပညာဆိုင်ရာ သင်တန်းများစွာကို ဖွင့်လှစ်နိုင်ခဲ့သည်။

ကရင့်တော်လှန်ရေးသမိုင်းကြောင်းတွင် မာနယ်ပလောကို မေ့ထား၍ မဖြစ်ပေ။ အနာဂတ်ကာလ ပြည်နယ်ပေါင်းစု ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းသစ်ကို ပြန်ရေးသည့်အခါတွင်လည်း ကေ
အဲန်ယူနှင့်မာနယ်ပလော၏အခန်းကဏ္ဍမှာ မုချ ပါရှိမည်သာ ဖြစ်လေသည်။ ထိုမျှ အရေးပါ အရာရောက်ခဲ့သော မာနယ်ပလောသည် အဘယ်ကြောင့် မီးလောင်ပြင် ဖြစ်သွားရပါသနည်း။

မာနယ်ပလော၏ ပျက်စီးဆုံးရှုံးရမှုအကြောင်းအရင်းခံကို လေ့လာစူးစမ်း သုတေသနပြုလျှက် သမိုင်းကြောင်း ဖြစ်
ရပ်မှန်ကို မှတ်တမ်းပြုစုရေးမှာ မိမိတို့၏ မလွှဲမရှောင်သာသော တာဝန်တရပ် ဖြစ်လာပါသည်။ မှန်ကန်သောစေတနာဖြင့် မာနယ်ပလောကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းသည်၊ မြစ်ဆုံအရေးအခင်းနှင့် တိုက်ရိုက်
သက်ဆိုင်မှုရှိနေကြောင်း ထင်ရှားစွာပင်တွေ့မြင်ရသည်။
မြစ်ဆုံအရေးအခင်း၏ အကျိုးအဆက်အဖြစ် ကေအဲန်ယူမှ ခွဲထွက်သည့် (D.K.B.A)ခေါ် တိုးတက်သော ဗုဒ္ဓဘာသာကရင်မျိုးသားအစည်းအရုံးသည် န၀တ စစ်အုပ်စုနှင့် ပူးပေါင်းသွားခြင်း။ အတွင်းလူက ဖေါက်ဖျက်သည့်တိုင် ကျန်လူများ စိတ်ဓာတ်ခိုင်မာလျှင် မာနယ်ပလော လွယ်ကူစွာ ကျဆုံးနိုင် မည်မဟုတ်သော်လည်း မြစ်ဆုံအရေးအခင်းကြောင့် မိမိအတွင်းမှာပင် စိတ်ဓာတ်ခိုင်မာမှုမရှိတော့ခြင်း။
ထွီးဖားဝီကျိုးမှ ကာကွယ်မည့် မဟာမိတ်များလည်း မရှိတော့ခြင်း။
အချင်းချင်းကို ပြန်မတိုက်လိုကြသည့်အပြင် ခုခံကာကွယ်မည့်သူများ အကြားတွင်ပင် သံသယဖြစ်မှုများ ရှိနေခြင်းကြောင့် မာနယ်ပလောခုံခံကာကွယ်ရေးကို ကြိုးစားလိုစိတ်မရှိတို့ခြင်း။
တို့ကြောင့် (D.K.B.A)သည် န၀တ အုပ်စုအား မာနယ်ပလောသို့ဝင်ရောက်နိုင်မည့်“အတွင်းလမ်း”များကို ပြသနိုင် ခဲ့လေသည်။

ထို့ကြောင့် မြစ်ဆုံအရေးအခင်း ပေါ်ပေါက်လာရခြင်း၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ မိမိတို့ လေ့လာရပြန်သည်။


ဤတွင် ကေအဲန်ယူ၊ ဒီကေဘီအေနှင့် န၀တ တို့၏ သုံးဘက်မြင် ပတ်လည်စစ်တမ်းကို မိမိတို့ ထုတ်ယူနိုင်ခဲ့လေသည်။ သမိုင်းတွင် ကျန်ရစ်မည့် ဖြစ်ရပ်များအား လေ့လာမှတ်တမ်းပြုရာတွင် အဖြစ်ကို အဖြစ်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးသားတင်ပြရန် တာဝန်မှာ သမိုင်းသုတေသီတို့၏ တာဝန်ပင်ဖြစ်သည်။ သမိုင်းသုတေသီတွင် မည်သည့်ဘက်မှ မလိုက်ဘဲ ရေးသားမည့် တာဝန်တရပ်လည်း ရှိနေသည်။

သို့သော် Researchers do for the sake of truth.မိမိတို့သည် အမှန်တရား၏ ဘက်၌သာ ရပ်တည်ကြမည်။ မည်သည့်ဘက်သို့မျှ မလိုက်ဘဲ ရေးသားခြင်းမျိုးမဟုတ်။ အမှန်တရား၏ ဘက်သို့သာ လိုက်ပြီး ရေးသားကြမည် ဖြစ်သည်။

မဆလ၊ န၀တ တို့၏ လက်အောက်မှ သမိုင်းဆရာများကဲ့သို့လည်း တဘက်စောင်းနင်းရေးသားမည် မဟုတ်ချေ။ အမှန်ကို အမှန်အတိုင်း အထောက်အထား ပြည့်စုံ ခိုင်မာ တိကျစွာဖြင့် ရေးသားတင်ပြကြမည် ဖြစ်သည်။ မှားယွင်းသော လုပ်ရပ်များနှင့် ပတ်သက်၍ အကျိုးသင့် အကြောင်းသင့် ဆင်ခြေပေး ရှင်းလင်းမှုမျိုးကို မိမိတို့ ပြုလုပ်မည်မဟုတ်။

ကရင်မျိုးသားများနှင့်ပတ်သက်သော သမိုင်းကြောင်းကို ရေးသားရာတွင် မှန်ကန်သောစေတနာဖြင့် အမှန်တရား၏ မျက်နှာကိုသာ ထောက်ရှူ့လျှက် ရေးရမည် ဖြစ်သည်။ မိမိတို့၏ သမိုင်းကြောင်း တစိတ်တဒေသဖြစ်သော ဤအကြောင်းအရာကို မိမိတို့မရေးလျှင် န၀တ စစ်အုပ်စုက ရေးမည် ဖြစ်သည်။

န၀တ ၏ (ငါးဖယ် က ပြောင်းပြန်)ပြောကြားသော မိုးလုံးပြည့် မုသာဝါဒများကို လူတိုင်းသိရှိကြပြီး ဖြစ်သည်။ မိမိတို့က အမှန်တရားကို တင်ပြခြင်း မပြုနိုင်လျှင် န၀တ စစ်အုပ်စုက ၎င်းတို့၏ထုံးစံအတိုင်း တဘက်စောင်းနင်း ရေးသားကြမည်သာ ဖြစ်သည်။ နောက်လာမည့် သုတေသီများအတွက်လည်း ခြေရာကောက်မှု လွှဲမှားနိုင်သည်။

၎င်းတို့၏ တင်ပြချက်ကိုသာ အမှန်ဟု ယူဆကြမည် ဖြစ်လေသည်။ ဤစာတမ်းကို ရေးသားရာတွင် မိမိတို့သည် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကြီး၏ ကောင်းကွက်များထဲမှ အားနည်းချက်များကိုလည်း ထောက်ပြသွားမည်။ ဒီကေဘီအေ ခွဲထွက်အုပ်စုနှင့် န၀တ ၏ လုပ်ဆောင်မှု အဆိုးများထဲမှ ကောင်းကွက်တို့ကိုလည်း ဖေါ်ပြသွားမည် ဖြစ်သည်။

ဗမာစစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် KNU ကရင်ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မီတီဝင်များ

တော်လှန်ရေးအဖွဲ့အစည်းများကို အခိုက်အတန့်အားဖြင့် ကစင့်ကလျား ဖြစ်သွားစေသည့် မာနယ်ပလောစခန်းကြီး ဆုံးရှုံးရမှုတွင် မည်သူ့၌ တာဝန်ရှိကြောင်းကိုမူ မိမိတို့ ထောက်ပြ ဝေဘန်မည်မဟုတ်။

ဖြစ်ရပ်မှန်များကို အမှန်အတိုင်းသိရှိကြပြီးနောက် သမိုင်းကြောင်းတရားခံသည် (၁) ကေအဲန်ယူ ကိုယ်တိုင်ဘဲလား?(၂)ဒီကေဘီအေ ခွဲထွက်အုပ်စု၏ ညံ့ဖျင်းမှုများပင်လား?(၃) S.L.O.R.C)ခေါ် န၀တ စစ်အုပ်စု၏ သွေးခွဲ သပ်သျှိုမှုလား?ဆိုသည်ကို ပြည်သူများကသာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။ မိမိတို့အနေဖြင့် ဤစာတမ်းကို ရေးရန် သင့် မသင့် ကာလကြာ့မြင့်စွာ ချီတုံ ချတုံ အချိန်ယူ စဉ်းစားခဲ့ရသည်။

ရေးမည်ဟု ဆုံးဖြတ်ပြီးသည့်နောက်တွင် သက်ဆိုင်ရာ စာစောင် စာတမ်းများ၊ ဓာတ်ပုံ အကိုးအကား အထောက်အထားများ၊ ရေဒီယိုသတင်းများ၊ ပါးစပ်သတင်းများကိုသာမက “မြစ်ဆုံ ဖြန်ဖြေရေး”ကော်မတီမှ ပုဂ္ဂိုလ်အချို့နှင့် မြစ်ဆုံအရေးအခင်းတွင် ပါဝင်ခဲ့သော ကာယကံရှင် ပုဂ္ဂိုလ်အချို့ကို တွေ့ဆုံ ဆွေးနွေးမှတ်သားမှုများကို ပြုလုပ်ခဲ့ရပါသည်။ ဖြစ်ဆုံအရေးအခင်းကို မှတ်တမ်းတင်ရန် အချက်အလက်များ၊ အတန်အသင့် ရရှိလာသည့် အနောက်တွင်မူ --- အပိုင်း (၁) စတင် မြစ်ဖျားခံရာ သမိုင်းကြောင်း။

အပိုင်း(၂) မြစ်ဆုံအရေးအခင်း။ အပိုင်း(၃) အရှိန်မသေသေးသော ၀ဲဂယက်များ ဟူ၍ အပိုင်း (၃)ပိုင်း ပိုင်းခြား
လျှက်၊ အပိုင်းတပိုင်းစီကို အခန်းကဏ္ဍများ အသီးသီးခွဲကာ ဤသမိုင်းလေ့လာရေးစာစောင်များတွင် အခန်းဆက်
တင်ပြရန် စီစဉ်ခဲ့ပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း မိမိတို့သည် အမှန်တရား၏ဘက်မှ ရပ်တည်လျှက် ဤစာတမ်းကို
ရေးမည်ဖြစ်ပါသည်။
(အမှန်တရား ဆိုသည်မှာ လူအများစု လက်ခံခြင်း လက်မခံခြင်းနှင့် မပတ်သက်ပါ
လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ အမှန်သည် အမှန်ပင် ဖြစ်ပါသည်)
ထို့ကြောင့် သမိုင်းကြောင်း အချက်အလက်များကို မှတ်တမ်းတင်မှု မည်ကာမတ္တမဟုတ်ဘဲ၊ ထိုဖြစ်ရပ်များနှင့်
ပတ်သက်၍ ကောက်ချက်ဆွဲ သတ္တုချခြင်းများကိုလည်း မိမိတို့ပြုလုပ်မည် ဖြစ်သည်။

 ကေအဲန်ယူ၊ ဒီကေဘီအေနှင့် န၀တ ဟူသည့် နေရ အသီးသီးသို့ ရည်တူခံစားစိတ်ဖြင့် ၀င်ရောက် ရှုမြင်လျှက် သုံးဘက်မြင် ပတ်လည် စစ်တမ်းကိုလည်း ထုတ်ယူမည် ဖြစ်သည်။ ရှုဒေါင့်အသီးသီးမှ ရှုမြင်နိုင်မည် ဖြစ်သော သမိုင်းကြောင်းသင်ခန်းစာများနှင့် သမိုင်းကြောင်းတရာခံတို့ကိုမူ သမိုင်းပညာရှင်များနှင့် ပြည်သူလူထုကြီးကသာ ဆုံးဖြတ်မှုပေးနိုင်ကြမည် ဖြစ်ပါသည်။

 ဖြစ်ရပ်မှန်များကို စုစည်းတင်ပြကာ ပိုင်းခြင်း သုံးသပ်ခြင်း ဖြစ်သော ကောက်ချက်ဆွဲ သတ္တုချခြင်းမှ လွဲ၍ ဤအရာများသည် သမိုင်းကြောင်းသင်ခန်းစာဖြစ်သည်ဟု၎င်း၊ မိမိတို့က တရားသူကြီးသဖွယ် ၀င်ရောက်ဆုံးဖြတ်မှု ပေးမည် မဟုတ်ပါ။

ဤစာတမ်းကို သမိုင်းလေ့လာရေး နိုင်ငံသစ်စာစောင်များတွင်(၃)လတကြမ် လအနည်းငယ်မျှ အခန်းဆက်တင်ပြဖြစ်ရာ ဖေါ်ပြပြီးသောကြောင်းအရာများနှင့်ပတ်သက်၍ ပိုမိုသိရှိထားသောအချက်အလက်များ ရှိနေပါက နောက်စာစောင်များ မထွက်ရှိမီ မိမိတို့ထံ ဆက်သွယ်ပေးပို့ကြပါရန် မေတ္တာရပ်ခံပါသည်။

အထူးသဖြင့် န၀တ စစ်အုပ်စုသို့ မေတ္တာရပ်ခံလိုပါသည်။ ယခု မိမိတို့ရေးသားသော အကြောင်းအရာများထဲမှ မှားယွင်းတိမ်းစောင်းသည်ဟု ထင်မြင်ယူဆသော အချက်အလက်များကို ကရင်အမျိုးသားသမိုင်းသုတေသနအဖွဲ့ လိပ်စာအတိုင်း (န၀တ သတင်းစာပါ ဆောင်းပါးများကဲ့သို့ မဟုတ်ဘဲ။)လူ့သိက္ခာနှင့်လျှော်ညီသော အရေးအသားမျိုးဖြင့် ဝေဘန်ရေးသားပေးပို့နိုင်ကြပါသည်။ မည်သည့် ထောက်ပြဝေဘန်မှုမျိုးကိုမဆို မိမိတို့အနေဖြင့် မှန်ကန်သည်ဟု ယူဆပါက ထည့်သွင်းဖေါ်ပြပေးမည် ဖြစ်ပါသည်။

မှတ်ချက်

ဤမြစ်ဆုံဆောင်းပါးကို ရေးသားရာတွင် အချို့သော ကာယကံရှင်များကို တွေ့ဆုံမေးမြန်း မှတ်တမ်းပြုခဲ့သော်လည်း အချို့ကိုမူ အခြေအနေအကြောင်းအရပ်အမျိုးမျိုးကြောင့် လူကိုယ်တိုင် တွေ့ဆုံခြင်းမပြုနိုင်ခဲ့ပါ။

စာရွက်စာတမ်းများနှင့် တဆင့်စကားများဖြင့်သာ အထောက်အထားပြု ရေးသားခဲ့ရပါသည်။
အကယ်၍ အချို့သောအချက်အလက်များ၌ မှားယွင်းလွဲချော်မှုများရှိခဲ့ပါက ကရင့်သမိုင်းသုတေသနဌာနသို့ ဝေ ဘန်ထောက်ပြမှုပြုကြပါရန် မေတ္တာရပ်ခံပါသည်။

သမိုင်းလေ့လာရေး နိုင်ငံသစ်စောင်(၅)မှ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြမည်

 Copy from http://parsithan.blogspot.com/2012/05/blog-post_532.html
 
ယသန့အဂၯတဖဢ္ : ဖံဖံအဲမဢ္မုဢ္ရံး | ကညီအဲးထံဢ္ကရူဿ္ |
ပွာ္ယဲၯသန့တဘ့ဢ္အံၯဘဢ္တဿ္ဒုးအိဢ္ထီဢ္အီၯလဿ စီၯကြဲၯကညီ ဖဲ ၁၂-၀၈-၂၀၁၀- All Rights Reserved
Karen Font: Zwekabin Font
ကုၯဒ့ဖ်းခိဢ္လီအဖိမုဢ္: နီဿ္မုဿ္ယဲၯဖဲ