-->

ပွၯကညီဒီးအတဿ္ဒိဢ္ထီဢ္အါထီဢ္


အကျဉ်းသားတွေလွှတ်ဖို့ဆန္ဒပြ ရုပ်သံ

KNU-President Speech on 63rd Karen National Day

ခွေးကလူကိုသတ်တဲ့နေ့(သို့)ကော်သူးလေအတွက်သွေးစွန်းတဲ့ချစ်သူများနေ့

(ပဒိုမန်းရှာအတွက် သုံးနှစ်ပြည့် အောက်မေ့ဖွယ် အမှတ်တရ ဆောင်းပါး)
ဇကောလောက်မှဇောက်မနက်ပဲအသားထဲကလောက်ထွက်သူများရဲ့လက်ချက်နဲ့ ကရင့်အမျိုးသားတော်လှန်ရေးကိုမှန်ကန်စွာဦးဆောင်မှုပေးနေခဲ့တဲ့ဖထီးမန်း ရှာ(ပဒိုမန်းရှာလားဖန်း)ကျဆုံးသွားခဲ့ရပါတယ်။မြန်မာပြည်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနဲ့ဒီမိုကရေစီထွန်းကားလာရေးအတွက်အရှိန်မြင့်ချီတက်လာတဲ့ တော်လှန်ရေးလမ်းကြောင်းလမ်းခုလတ်တွင်ယခုလိုခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးသွားခဲ့ရတဲ့အတွက်ကရင့်တော်လှန်ရေးအတွက်ရောမြန်မာပြည်ဒီမိုကရေစီရေးအတွက်ပါ များစွာ ထိခိုက်နစ်နာ ခဲ့ရပါတယ်။

ဖထီးမန်းရှာလုပ်ကြံခံရတာလာမယ့်၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ၁၄ရက်နေ့မှာသုံးနှစ်တင်းတင်း ပြည့်ပြီဖြစ်သော်လည်းကျနော့်အတွက်ကတော့မနေ့တနေ့ကလိုပဲခံစားနေရဆဲပါ။ ဖထီးမန်းရှာလုပ်ကြံခံရတဲ့အကြောင်းကိုတွေးမိတိုင်းရင်ထဲမှာအမြဲပဲအမှတ်ရနေမိပြီး ယူကျုံးမရတဲ့စိတ်၊နှမြောတသတဲ့စိတ်၊၀မ်းနည်းကြေကွဲတဲ့စိတ်တွေဟာလည်းရင်ထဲ နှလုံးသားထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။

သူလုပ်ကြံခံရတဲ့အချိန်ဟာကျနော်မဲဆောက်မှာပဲရှိနေတဲ့အချိန်ပါ။အဲဒီနေ့ဟာရုံးပိတ် အလုပ်နားတာကြောင့်ရုံးကလူတွေအားလုံးဟာစိတ်ပြေလက်ပျောက်နဲ့ပင်ပန်းနွမ်းနယ်မှု လေးတွေကိုအတိုးချပြီးအနားယူကြတဲ့နေ့ဖြစ်ပါတယ်။နောက်ပြီးတော့လည်းဖေဖော်ဝါရီလ
၁၄ရက် ချစ်သူများနေ့လည်း မဟုတ်ပါလား။

အဲဒီနေ့မနက်မှာဖာထီးမန်းရှာဟာရုံးရှေ့ကိုကိစ္စတခုနဲ့ရောက်လာခဲ့ပါသေးတယ်။သူကိုယ်တိုင် ကားပေါ်ကနေမဆင်းပေမယ့်လည်းသူ့ကိုကားမောင်းပို့ပေးနေတဲ့သူ့ရဲ့သားကြီးစောစေးစေးက စာရွက်စာတမ်းတချို့လာပို့သွားပါတယ်။ကားပေါ်ကိုလှမ်းကြည့်လိုက်တော့သူအမြဲပဲဝတ်နေကျ အဖြူရောင်ဝစ်စကုတ်အကျီာင်္နဲ့ဖထီးကိုတွေ့ရပြီးတော့ကျနော့ဘေးနားမှာရှိနေတဲ့ လူတယောက်ကိုတောင်မှအဖိုးကြီးလည်းကားပေါ်မှာပါလာတယ်လို့ပြောလိုက်မိပါသေးတယ်။

ဝစ်စကုတ်အကျီာင်္ဝတ်ထားတဲ့အဲဒီနေ့ကဖထီးရဲ့ပုံရိပ်ကိုယခုချိန်ထိပြန်လည်မြင်ယောင်မိနေ သေးသလိုအသက်ရှင်လျှက်နဲ့ဖထီးကိုနောက်ဆုံးအကြိမ်တွေ့ရခြင်းလည်းဖြစ်ပါတယ်။ အသက်ရှင်လျှက်နဲ့ဖထီးကိုနောက်ဆုံးတွေ့ရမယ်ဆိုတာအဲဒီအချိန်ကဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။အချိန်ကတော့ထိုင်းစံတော်ချိန်မနက်၁၀နာရီပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။

အဲဒီနေ့ နေ့လည်မှာတော့ အခင်ဆုံးအစ်ကိုကြီး စောကျော်ခလော့ခ် (ဇွဲကပင် ၀က်ဆိုဘ်)က အိမ်ကို အလည်လိုက်သွားဖြစ်ပါတယ်။ စောကျော်ခလော့ခ်ရဲ့ အိမ်က မယ်တော်ဆေးခန်းနဲ့လည်း နီးတော့ သူ့အိမ်မှာ အေးအေးဆေးဆေး အနားယူ ကြပြီးတော့ ညနေပိုင်းမှာ ဘော်လုံးပွဲ ကြည့်ဖို့ မော်တော်ဆိုင်ကယ်လေး စီးကာ သူ့အိမ်ကနေ ထွက်လာခဲ့ကြပါတယ်။ မော်တော်ဆိုင်ကယ် နှစ်ယောက်သား စီးပြီး ဟိုအကြောင်း ဒီအကြောင်း ပြောရင်းကနေ သူ့လက်ကိုင်ဖုန်းမြည်သံ ထွက်လာ ပါတယ်။

မော်တော်ဆိုင်ကယ်ကို လမ်းနဘေးမှာ ရပ်ပြီး ဖုန်းဆက်သူထံမှ ဖုန်းဆက်ရတဲ့ အကြောင်းရင်းကို မေးမြန်းပြောဆိုတဲ့ အချိန်မှာတော့ သူ့ဆီက တစုံတရာ ထူးခြား တုန်လှုပ် စွာနဲ့ ပြောဆိုနေတာကို တွေ့ရပါတယ်။ သူတို့ ပြောနေတဲ့ စကားတွေ အားလုံးကို မသိရပေမယ့်လည်း သူတို့ပြောနေတဲ့ စကားတွေက သွေးရိုးသားရိုး မဟုတ်မှန်း ကျနော့စိတ်ထဲမှာ အလိုလိုနဲ့ ကောက်ချက်ချ လိုက်မိပါတယ်။ ချက်ချင်းပဲ သူကကျနော့ဘက် လှည့်ပြီးတော့ လာ--ဟိုဘက်ရုံးမှာ သွားမယ်။ အရေးကြီးတယ် ပြောပြီး မော်တော်ဆိုင်ကယ်ကို ၀ုန်းခနဲ မောင်းထွက်သွားပါတော့တယ်။ ကျနော်လည်း အံ့သြတုန်လှုပ်မိကာ ဘာမှတုန့်ပြန်စကားပြန်မပြောနိုင်ပဲ မော်တော် ဆိုင်ကယ် နောက်မှာပဲ တကောက်ကောက် ပါသွားခဲ့ရပါတယ်။

သွားမယ့်ရုံးဆိုတာက မယ်တော်ဆေးခန်းနားက နယ်လှည့်ကျောပိုးအိတ် အဖွဲ့ရုံးပဲ ဖြစ်ပါတယ်။ အဲဒီရုံးကိုရောက်တော့ ကိစ္စတခုနဲ့ မဲဆောက်ကို ရောက်လာတဲ့ ခုနက ဖုန်းဆက်သူ(ဗိုလ်ကြီးစောဝင်းကျော်၊ တပ်မဟာ ၅) နေတဲ့အခန်းကိုပဲ တန်းသွား ခဲ့ကြပါတယ်။ သူနေတဲ့အခန်းကိုသွားပြီး ထိုင်မယ်လို့လုပ်တဲ့အချိန်မှာပဲ ပဒိုမန်းရှာ လုပ်ကြံခံလိုက် ရပြီးတော့ ပွဲချင်းပြီး သေဆုံးသွားပြီဆိုတဲ့ စကားကို ဗိုလ်ကြီးဝင်း ကျော်က ကျနော်တို့ကို တုန်ယင်နေတဲ့ သူ့ရဲ့အသံနဲ့ ပြောပြပါတယ်။

သူ့ဆီက အဲဒီစကားလုံးကို သေသေချာချာကြားရတော့ မယုံကြည်နိုင် လောက်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်မှန်း မသိပဲ ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်ငြိမ်သက်ခဲ့ရပါတယ်။ ဒါပေမယ့် တကြိမ်တခါမှ မခံစားဖူးခဲ့တဲ့ ၀မ်းနည်းကြေကွဲတုန်လှုပ်ခြောက်ခြားတဲ့စိတ်တွေဟာ ကျနော့ရဲ့ရင်ထဲ အသဲထဲ နှလုံးသားထဲ၊ ခေါင်းထဲစတဲ့ ခန္ခာကိုယ် တခုလုံးထဲကို လွမ်းမိုးစိမ့် လာပါတော့တယ်။

တခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားပြီးတော့ ၀မ်းနည်းကြေကွဲတဲ့ စိတ်နဲ့အတူ ဒေါသစိတ်များပါ ပေါက်ကွဲ ထွက်ကျလာခဲ့ရပါတယ်။ မယုံကြည်နိုင်လောက်အောင်ပဲ ကိုယ့်ကိုယ်ကို ကိုင်တွယ်စမ်းသပ်ကာ ငါအိမ်မက်မက် နေတာလားလို့တောင် မေးခွန်းတွေ အကြိမ်ကြိမ် ထုတ်ခဲ့မိပါသေးတယ်။

မဟုတ်ပါဘူး။ ငါ့အိမ်မက်မဟုတ်ဘူး။ ငါပုံမှန်ပါပဲ။
ငါ့နားနဲ့ တကယ်ကြားနေ ရတာပဲလို့ ကိုယ့်ကိုယ်ကို အသိစိတ်ပြန် ပေးဝင်လိုက်ပြီး တော့ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ ကိုယ့်ကိုယ်ကို တွေဝေနေတဲ့အချိန်မှာပဲ အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကလေးကို ဘယ်သူမှ အမိန့်မပေးပဲ တန်းကောက် ကိုင်လိုက်မိပါတယ်။

လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်သူ KICရဲ့ ရုပ်ပြောင်ကာတွန်းဆရာကြီး စောတွတ်ပီ (ယခု၊ဖို့ဝိန်း)ဆီကို တန်းဆက်လိုက်မိပါတော့တယ်။ ဖုန်းခေါ်နေတဲ့အချိန်မှာလည်း ဖဒိုမန်းရှာမသေဘူး။ ဗိုလ်ကြီးဝင်းကျော်ပြောတာ သတင်းအချက်အလက် မှားနေပါ တယ်ဆိုတဲ့ တုန့်ပြန်မှုကို ကြားရပါစေလို့တောင် ဆန္ဒပြုခဲ့မိပါသေးတယ်။ ဒါမှ မဟုတ် ပဒိုမန်းရှာ ပွဲချင်းပြီးမသေဘူး။ ဒဏ်ရာအနည်းငယ်ကလွဲလို့ ပူပင်စရာမရှိဘူးဆိုတဲ့ တုန့်ပြန်မှုကိုလည်း မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့ရဲ့ ဆန္ဒတွေက မပြည့်မီခဲ့ပါဘူး။

စောတွတ်ပီ ဖုန်းကိုင်လိုက်တဲ့အချိန် ကျနော်ဘာမှ မမေးခင်မှာပဲ ပ်ုဒိုမန်းရှာသီ့ယုဂ် (ပဒိုမန်းရှာသေပြီ) ဆိုတာကိုပဲ ကြားလိုက်ရပါတယ်။ အခုငါ အသက်မရှိတော့တဲ့ ပဒိုမန်းရှာရဲ့ နဘေးမှာ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်နေပါတယ်ဆိုတဲ့ စောတွတ်ပီရဲ့ ပြောဆိုနေတာတွေဟာလည်း ပဒိုမန်းရှာကို အသက်ရှင် နေစေချင်သေးတဲ့ ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ပဲ ရစေချင်တဲ့ ကျနော့ရဲ့ ဆန၊ မျှော်လင့်ချက်တွေကို တစမကျန် ရိုက်ချိုးလွင့်ပစ်လိုက်သလို ဖြစ်ခဲ့ရပါတယ်။

ချက်ခြင်းပဲ အပြင်ထွက်ပြီး နယ်လှည့်ကျောပိုးအိတ်ရုံးရဲ့ ထမင်းစားဆောင်ဘက်ကို ထွက်လာတဲ့အခါမှာတော့ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ တစ်ဒါဇင်လောက်ရှိတဲ့ လူတချို့ကို တွေ့ရပါတယ်။ သူတို့တွေလည်း ကျနော့လိုပဲ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးနေရတယ် မဟုတ်ပါလား။ တကယ်တော့ ပဒိုမန်းရှာကို အများက ကရင့်တော်လှန်ရေးကို မှန်မှန်ကန်ကန် ဦးဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ လက်ခံထားကြပါတယ်။

ပဒိုမန်းရှာ ပွဲချင်းပြီး သေဆုံးသွားပြီ ဆိုတာ ရာနှုန်းပြည့် မှန်ကန်နေပါပြီး၊ ကျနော်ရုံးခန်းကို ချက်ချင်းပြန်ပြီးတော့ အဲဒီညတညလုံး ပဒိုမန်းရှာရဲ့ အတ္တုပတ္တိ၊ မှတ်တမ်းဓါတ်ပုံ၊ မိန့်ခွန်းစတဲ့အချက်အလက်တွေကို မီဒီယာတွေအတွက် ကြိုတင်ရှာဖွေထားခြင်းလည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေစုဆောင်းရတဲ့အတွက်ကြောင့်လည်း သူ့ကို ပိုပြီးတော့ အမှတ်ရခဲ့မိပါတယ်။

တညလုံး အိပ်မပျော်နိုင်ပဲ သူ့အကြောင်းကိုပဲ ထိုင်တွေးနေမိတော့တယ်။ သူ့အိမ်မှာ အတူတူ တာလပေါ့ဟင်းနဲ့ ထမင်းစားတတ်တဲ့ ဖထီးရဲ့ အဆင့်အတန်း ခွဲခြားမှု မရှိတဲ့အချိန်၊ သတင်းစာ ရှင်းလင်းပွဲတွေ၊ အခမ်းအနားတွေမှာ ပြတ်သားခိုင်မာပြီး ထိထိမိမိပြောတတ်တဲ့ ဖထီးရဲ့ ပြောဆိုနေချိန်၊ နောက်ဆုံး ၀စ်စကုတ်နဲ့ တွေ့ခဲ့တဲ့အချိန်တွေကိုပါ မှတ်မှတ်ရရ ပြန်လည် မြင်ယောင်ခဲ့မိပါတယ်။ ယခုထက်ထိ မျက်စိထဲမှာ ပြန်လည် မြင်ရောင်မိပါသေးတယ်။

ဒါပေမယ့်လည်း ပဒိုမန်းရှာလို ခေါင်းဆောင်မျိုး ကရင့်အမျိုးသား ထုအတွင်းမှာ အများအပြား ဆက်လက် ပေါ်ထွန်းလာပြီးတော့ အမျိုးသား တော်လှန်ရေးကို ဆက်လက် ဦးဆောင်သွားမယ်ဆိုတာ ဧကန်မုချမလွဲပါဘူး။ အစားထိုးမ ရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက် လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပေတယ်။

အာဇာနည်မျိုးသေရိုးမရှိပါ
ဖိုးဒိုခွား
အဲခေါင်သောင့်(ခေါ်) စောအယ်ကော်

ကီဿ္ရ့ဢ္ဘ်ံးဒ၀ဲဢ္မၯလၯကပီၯကညီတဿ္ပဿဿ္ဆဿမုဿ္နံၯပွဲၯထီဢ္ ၆၂ ၀ီတ၀ီ

တမဿဿ္ထံလဿက်ိခိဢ္ထိး (ပယီၯက်ိာ္)

တမဿဿ္ထံလဿက်ိခိဢ္ထိး (ကညီက်ိာ္)

dammingatgunpointkaren

တမဿဿ္ထံလဿက်ိခိဢ္ထိး (အဲကလံးက်ိာ္)

ခ့ဢ္စံဢ္ဘံဢ္အိဢ္တဿ္ပာ္ဖ်ါ


KCBO_Summery_Report_Nov_10_-_Jan_11 -

Tony Stonor's last adventure


TonysLast090608LR -

ဇြဲကဘ့ဢ္သႏူထူကႜဿနဿဢ္

သမိုင်းကပြောပြသော ကရင့်တော်လှန်ရေးနေ့ အကြောင်း တစေ့တစောင်း အပိုင်း(၁)


47717972-Mahn-Ar-Kar-Htat
 
ယသန့အဂၯတဖဢ္ : ဖံဖံအဲမဢ္မုဢ္ရံး | ကညီအဲးထံဢ္ကရူဿ္ |
ပွာ္ယဲၯသန့တဘ့ဢ္အံၯဘဢ္တဿ္ဒုးအိဢ္ထီဢ္အီၯလဿ စီၯကြဲၯကညီ ဖဲ ၁၂-၀၈-၂၀၁၀- All Rights Reserved
Karen Font: Zwekabin Font
ကုၯဒ့ဖ်းခိဢ္လီအဖိမုဢ္: နီဿ္မုဿ္ယဲၯဖဲ