ကရင်သည် အဘယ်နည်း ကရင်ယဉ်ကျေးမှု နောက်ကြောင်းသမိုင်း
ထိုင်းနိုင်ငံရှိ ကရင်များသည် ထိုင်းတောင်ပေါ်သားများအဖြစ်သာ သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံတောင်တန်းဒေသတွင် မိဘဘိုးဘွားအဆက်ဆက်မှ လုပ်ကိုင်စားသောက်နေကြသည့် မျိုးနွယ်စု တစ်ခုဖြစ်သည်။ ယဉ်ကျေးမှု ဓလေံထုံးတမ်း ယုံကြည်ကိုးကွယ်သည့် ဘာသာစကား အသက်မွေးဝမ်းကြောင်းနှင့် ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုသင်္ကေတများ ရှိကြသည်။ (စိုဒ်ဂျောင်းဘောင်းရင်း)အမည်ရှိ အင်္ဂလိပ်သံရုံး အရာရှိတစ်ဦးသည် ၄ ဆက်မြောက် ထိုင်းဘုရင်လက်ထက် လက်မထိုးစဉ်က ထိုင်းနိုင်ငံတွင် ၀င်ရောက်နေထိုင်သည့် ခရစ်သာသန၀င် ကက်သလစ်ပြင်သစ်သံဃာ့ရာဇာ“ပါလ်လေကွရှ်”၏ မှတ်တမ်းပြု စာအုပ်ထဲတွင် ရတနကောစင်ခေတ်(၄)ဆက်မြောက်ဘုရင်မင်းမြတ်သည် ကရင့်အကြောင်း ပြောပြရာတွင် “ကရင်လူမျိုး၏ ပင်ကိုယ် နေရာဌာနရင်းသည် ဆယမ်မှ ဖြစ်သည်” မြောက်ဘက်သို့ ထိုင်းလူမျိုးတို့“ဘန့်ပလဲရွာ”ရောက်မလာခင် အာယုဒ္ဓယမြို့ မတည်ဆောက်မှီ ကရင့်မြေနေရာများ ဆုံးရှုံးခံရပြီး အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရသည်မှာ ယခုထက်တိုင်ပင် ဖြစ်သည်။ ကရင်မျိုးနွယ်စုများ ကရင်မျိုးနွယ်စုများသည်
သရီရဗေဒလက္ခဏအရ တောင်မွန်ဂိုးလီးယီးယားမျိုးနွယ်စုထဲတွင် တည့်သွင်းထားသည်။ (Southern Mongoloids) ကရင်ကို မျိုးနွယ်စုခွဲသည့်အခါတွင် မျိုးနွယ်စုကို စီစဉ်ခွဲခြားသည့်လူသည်၊ ဘာသာစကားရပ်ကို အခြေခံပြီး ခွဲဟန်တူသည်။ ကရင်မျိုးနွယ်စုကြီး(၄)စု ရှိသည်။ ၎င်းတို့သည် --- ၁။ကရင်အုပ်စု “စဝှေါ်”ပွာကညော ။ “စဝှေါ်”ပွာကညော (သို့မဟုတ်)တိုင်းတစ်ပါးအခေါ်“စကောကရင်”ဖြစ်သည်။ စာပေသုတေသီများသည် ကရင်မျိုးနွယ်စု “ပွာကညော”ကို စကောကရင်(ပွာကညော)ဟု မခေါ်ဘဲ ဗမာကရင်ဟူ၍သည် ခေါ်ဝေါ်ကြသည်။ စကောကရင်သည် ဗမာနှင့် နီးနီးကပ်ကပ် ဆက်နွယ်မှုရှိပြီး ဗမာပြည်မြောက်ဘက်ခြမ်း ပုဂံမြေပြန့်တ၀ိုက်နှင့် တောင်ငူဒေသများတွင် နေထိုင်ကြသည်။
ထိုင်းနိုင်ငံအလယ်ပိုင်း ပြည်နယ်များဖြစ်သည့် ကန်ချနဘူရီ၊ ရာဇဘူရီ၊ ဖေ့ဘူရီ၊ ပရကျွဂိရိခန် စသည့် ပြည်နယ်များတွင် စကောကရင်များ နေထိုင်ကြသည်။ စကောကရင်ကို “ကရန်”ဟူ၍ သာသနာသက္ကရာဇ် ၂၄၆၈ ခုနှစ် ရာဇဘူရီမှတ်တမ်းစာအုပ်ထဲတွင် ပထမဆုံးအကြိမ် တွေ့ရှိရသည်။ “ဘွန်းချွေ့-စီစ၀ပ် ဆိုသူသည် စကောကရင်ကို “ယန်းခေါက်”ဟု ခေါ်သည်။ ခွဲခြားပြီး သိရသည်မှာ ဤအုပ်စုသည် “ကယား”(သို့မဟုတ်)ကရင်နီနှင့် အုပ်စုမတူပါ။ ၂။ ကရင်အုပ်စု“ပ၀ိုယှို”(ဖလုံယှို ) ။ “ပ၀ိုယှို”(ဖလုံယှို ) ဟူသောအမည်သည် ပိုးကရင်၏ ပင်ကိုယ်အမည်ရင်း ဖြစ်သည်။ “ဖလုံ”ဟူသော စကား၏အဓိပ္ပါယ်သည် “လူ”(သို့မဟုတ်)လူ့မျိုးနွယ် ဖြစ်သည်။ “ပ၀ိုယှို”(သို့မဟုတ်)“ဖလုံယှို ”ဗမာလူမျိုးအခေါ်အားဖြင့် “ပိုးကရင်”ဖြစ်သည်။ ခွန်ယို (သို့မဟုတ်)ယွမ်း- ဟူသော မြောက်ပိုင်း ထိုင်းလန်းနာများသည် “ခွန်ယှို”ဟူသော ကရင့်နာမည်ကို “ယန်းဆွေကဘန်း”ဟု ခေါ်သည်။ ဒီကရင်မျိုးနွယ်စုကို “ဘွန်းချွေ့-စီစ၀ပ်”ဆိုသူက“ယန်းကလိုး”ဟု ခေါ်သည်။
စကောကရင်သည် ပ၀ိုကရင်(ဖလုံကရင်)ကို “ပိုး”ဟု ခေါ်သည်။ စာပေသုတေသီများသည် ပ၀ိုကရင်(ဖလုံကရင်)ကို တလိုင်းကရင် ဟု အမည်တစ်မျိုးဖြင့် ခေါ်ပြန်သည်။ ပ၀ိုကရင်(ဖလုံကရင်)သည် ဗမာပြည်တောင်ပိုင်းရှိ မွန်လူမျိုးနှင့် နီးကပ်မှုရှိသည့်အလျှောက် ဗုဒ္ဓဘာသာနှင့် သက္ကတဘာသာရပ်များကို မွန်လူမျိုးတို့ထံမှ ရရှိခဲ့သည်။ ၃။ ကရင်အုပ်စု “ဘ၀ယ်” (ကယား) ။ ပိုးကရင်နှင့်စကောကရင်တို့သည် ကယားကရင်ကို “ဘ၀ယ်”ဟု ခေါ်သည်။ မြောက်ပိုင်းရှိ လန်းနာလူများသည် ကယားကရင်ကို “ကရင်ဏီ”ဟု ခေါ်သည်။ ဗမာကလည်း ကယားကို “ကရင်နီ”ဟု ခေါ်သည်။ အဓိပ္ပါယ်မှာ “လူနီ”ဖြစ်သည်။ ကယားသည် ကိုယ်ပိုင်ပြည်ရှိပြီး စတုရန်းမိုင် ၄.၈၂၀ ရှိသည်။ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်နီးပါးလောက် ရှိသည်။ လူဦးရေ ၂ သိန်းကျော်မျှ ရှိပြီး မြို့တော်အမည်သည် “ကန္တရ၀တီ”ဖြစ်သည်။ ကရင်ပြည်အရှေ့ဘက်တွင် ထိုင်းမှ မဲဟောင်ဆောင်ပြည်နယ်မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့်နီးကပ်ပြီး တောင်ဘက်တွင် ကယန်းပြည်နယ်နှင့်နီးကပ်သည်။ ခရစ်သက္ကရာဇ် ၁၉၇၄ ခုနှစ် ရွာပေါင်း ၁၅ ရွာမျှရှိပြီး လူဦးရေ ၁၀၀၀ လောက်သည် မြို့တွင်းနှင့် ခွန်ယွမ်းဒေသများတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ကယားလူမျိုးအုပ်စုခွဲ အတော်များများ ကျန်ရှိနေသေးသည်။ ၎င်းတို့သည် - ၁။ “လိယဖလူ“ကယားအုပ်စု။ ၎င်းကယားအုပ်စုကို စကောကရင် ပိုးကရင်များက “ဘ၀ယ်”ဟု ခေါ်သည်။ ၂။ “ပူနူ”ကယားအုပ်စု။ ၎င်းကယားအုပ်စုကို ဗမာက “မနုမနော”ဟု ခေါ်သည်။ ၃။ “ကေခို”(သို့မဟုတ်) ကယန်း ကယားအုပ်စုကို ဗမာက “ယင်းဘော်”ဟု ခေါ်သည်။ ၄။ “ကယန်း”ဟူသော ကယားအုပ်စုကို ရှမ်း- ဗမာက “ပဒေါင်”(သို့မဟုတ်) ကရင်လည်ပင်းရှည်ဟု ခေါ်သည်။
ပဒေါင်လူမျိုးသည် ကယားပြည်နယ်ထဲတွင် သာသနာသက္ကရာဇ် ၂၅၂၇ ခုနှစ်တွင် ဗမာနှင့်ကရင်နီ(ကယား)စစ်ပွဲဖြစ်စဉ်က မဲဟောင်ဆောင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည်အဖြစ် ၀င်ရောက်လာခြင်း ဖြစ်သည်။ ထိုင်းစီးပွားရေးအဖွဲ့နှင့် မဲဟောင်ဆောင်ပြည်နယ်အရာရှိများ ပူးပေါင်းကာ နိုင်ငံခြားခရီးသည်များ ဆွဲဆောင်နိုင်ရန် ပဒေါင်လူမျိုး(သို့မဟုတ်)ကရင်လည်ပင်းရှည်ကို ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်း တိုးမြင့်ခြင်း၌ နိုင်ငံခြားခရီးသည်များအား ဆွဲဆောင်နိုင်ရန် ပြသစရာတစ်ခု ဖြစ်လာသည်။ လေ့လာသူ ရာဇဘူရီ ကရင်ဆရာ “၀ုဘွန်းလုတ်”က ဗမာနိုင်ငံရှိ စကောကရင်နှင့်ပိုးကရင်တို့၏ ဘာသာစကားများကို ထိုင်းနိုင်ငံရှိ ပိုးကရင်၊ စကောကရင် ဘာသာစကားများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် တူညီသည် စကားအသုံးအနှုန်း တွေ့ရှိရသည်။ ဥပမာအားဖြင့် အမေ ၊ အဖေ၊ ၀က်၊ ကြက်၊ ငှက်၊ သား၊ သမီး ပြုလုပ်ခြင်း၊ များ၊ နည်း၊ ကြီး၊ ငယ် စသည့် စကားအသုံးအနှုန်း အခေါ်အဝေါ်များ တူကြသည်ကို တွေ့ရသည်။ လေ့လာသူ အမြင်သည် “ကယန်း”ဟူသော ကယားမျိုးနွယ်စုသည် ဘာသာသုတေသီများအဆိုအရ ကယန်း ဟူသောမျိုးနွယ်စုကို ကရင်မျိုးနွယ်စုထဲတွင် မျိုးနွယ်စုတခုဖြစ်ကြောင်း ထည့်သွင်းထားသည်ကို တွေ့ရသည်။ ၅။ “ပကူး”ဟူသော လူမျိုးများသည်လည်း မိမိကိုယ်မိမိ “ကရင်နီ”ဟု သတ်မှတ်သည်။ ၆။ “ကေဘား”ဟူသောလူမျိုးစုကို ဗမာက “ကရင်ဖယူ”ဟု ခေါ်သည်။ ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်ကြားတွင် နေထိုင်ကြသည်။ ၇။ “တာလယာ”ဟူသောလူမျိုးစုကို ရှမ်းက“ယန်းတလိုင်း”ဟုခေါ်ပြီး ၎င်းလူမျိုးစုကို ဗမာက “ယင်းတလေ”ဟုခေါ်သည်။
၈။ “လာတာ”(သို့မဟုတ်)ရှားယန်းလူမျိုးစု- အင်္ဂလိပ်ထံမှ ဗမာလွတ်လပ်ရေးရသည့်အချိန်တွင် ကရင်နီ(ကယား)သည် ဗမာလက်အောက်ခံမှ ခွဲထွက်ကာ ကရင်ပြည်နယ်ကို တည်ထောင်သည်။ အနှိမ်မခံရဘူးသည့်လူမျိုး ဟန့်တားပိတ်ပင်မှု မခံရသည့်လူမျိုးသည် “လူ”ဆိုသည့် အဓိပ္ပါယ်ကို မည်၍ မည်မျှ မသိ မခံစားနိုင်ပါ။ ၉။ ကရင်အုပ်စု “ပအိုး”(သို့မဟုတ်) တောင်သူ။ ပိုးကရင်၊ စကောကရင်၊ ဗမာ၊ ရှမ်း စသည်တို့သည် ပအိုးလူမျိုးကို “တောင်သူ”ဟု ခေါ်ကြသည်။ တောင်ပေါ်လူ ဟု အဓိပ္ပါယ်ရသည်။ သာသနာသက္ကရာဇ် ၂၄၉၃ ခုနှစ် ထုတ်၊ “ဘန်ဒိယဆထန်”အမည်ရှိ ထိုင်းအဘိဓာန်ဖွင့်ဆိုချက်တွင် တောင်သူ ဟူသော မျိုးနွယ်စုသည် ကရင်မျိုးနွယ်(သို့မဟုတ်)ယန်း အုပ်စုဖြစ်သည်။ “ကုလ”(၀ါ)“ကုလာ”ဟူသော စကားသည် တောင်သူနှင့် ရှမ်းကြီးမျိုးနွယ်ကို ဆိုလိုသည်။
ဘာသာသုတေသီးများသည် ပအိုးကို ကရင်မျိုးနွယ်စုထဲတွင် ပါဝင်သည့် မျိုးနွယ်စုတစ်ခုအဖြစ် ဘာသာသုံးစွဲမှုကို အဓိကထားပြီး ထည့်သွင်းခြင်း ဖြစ်သည်။ ပအိုးသည် ဗမာပြည်ရှိ ကရင်နီ(ကယား)ပြည်နယ်တ၀ိုက် တောင်ငူ၊ သုထုံ၊ မော်လမြိုင်၊ ဖားအံ၊ ကရင်ပြည်နယ်အနှံ့အပြားတွင် နေထိုင်ကြသည်။ “မနုဿီဟ” မနူဟာမင်းသည် ပုဂံအနော်ရထာမင်းကို စစ်ရှုံးသည့်အခါတွင် ပအိုးလူမျိုးသည် မြို့နှင့်တောင်ကုန်းနေရာဒေသများသို့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့နေထိုင်ကြသည်။
ဗမာသမိုင်းပညာရှင်အဆိုအရ “တောင်သူ”ဆိုသည့်မျိုးနွယ်စုသည် ကရင်မျိုးနွယ် ပအိုးလူမျိုးဖြစ်ုပြီး၊ ထိုင်းနိုင်င်ငံ ဘင်းကောပင်လယ်ကွေ့အကြား ဗမာပြည်အရှေ့ဘက်စွန်း သထုံမြို့တွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်ပြီး သုံးနှုန်းသည့်စာများသည် ဗမာ၊ ကရင်၊ ရောနှောသည့်စာကို အသုံးပြုသည်။ ဆက်လက်တင်ပြပါမည်။ ရာဇဘူရီ - ထိုင်းကရင် ဆရာ “၀ုဘွန်းလုတ်”ရေးသားသည့် “ဆွမ်ဖူ့ကရင်စကားစဆိုလာသည့်အခါရာဇ၀င်” စာအုပ်မှ ။ ၂၀၀၅ ခုနှစ် ထီဖိုးစံ အရှင်ပုည ဗမာဘာသာဖြင့် ဘာသာပြန်ဆိုထားသော ထိုင်းနိုင်ငံ ကရင်ရာဇ၀င်စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
http://parsithan.blogspot.se/2012/10/blog-post_101.html

No comments :
Post a Comment