စာရေးသူသည် ၁၉၉၄ နောက်ပိုင်း ကရင့်တော်လှန်ရေးဘ၀က ဘေးထွက်ထိုင်နေသူတဦးဖြစ်ပါသည်။ ဆိုလိုရင်းမှာ ကရင်အချင်းချင်းပြန်မတိုက်ခြင်သောကြောင့်ဖြစ်သည်။
သို့ရာတွင် ကရင့်တော်လှန်ရေး လှုပ် ရှားမှုတွင် မျက်ခြေမပြတ်စောင့်ကြည့်နေသူဖြစ်ပါသည်။
ယ္ခင်ကရင့်တော်လှန်ရေး တာဝန်ထမ်းဆောင်နေချိန်၊ တချိန်က မာနယ်ပလော၌ တက်ရောက်ခဲ့ရသော နိုင် ငံရေးမွန်းမံသင်တန်းမှ နိုင်ငံရေးသင်တန်းပို့ချပေးခဲ့သော ဖူးမောင်မောင်
ပြောခဲ့သော ဇတ်လမ်းတပုဒ် ကိုမူ ရင်းအတိုင်း ပြန်လည်တင်ပြလိုက်ရပါသည်။
တခါက ကရင်ဇနီးမောင်နှံနှစ်ဦးသည် တောတောင်ထဲ၌ သစ်သီးသစ်ရွက်၊ သစ်ဥသစ်ဖုများ ခူးကောက်ရန် ရွာနှင့်ဝေးသောနေရာတွင် သွားရောက်ရှာဖွေနေပါသည်။ ထိုတောထဲတွင်
ရှာဖွေနေစဉ် အသီးများနှင့်ပြည့်စုံ နေသော အပင်ကြီးတပင်ကို တွေ့သဖြင့် ခင်ပွန်းဖြစ်သူသည် ဒူးလေးနှင့်ဓါးမကို ဇနီးသည်နှင့်ထားခဲ့ပြီး ၎င်း အပင်ကြီးကို ခက်ခက်ခဲခဲ တက်သွားပါ
သည်။ သစ်ပင်၏ အမြင့်ဆုံးအကိုင်းရောက်သောအခါ လက်နက်ကိုင် လူဆိုးဓါးမြ ၆ဦးသည် ယင်းသစ်ပင်နားသို့ရောက်လာပြီး တဦးတည်းရှိနေသော အမျိုးသမီးကို ၀ိုင်းဝန်းပြီး
အဓမ္မပြုကျင့်ပါတော့သည်။ အမျိုးသမီးတဦးကို ဓါးမြ ၃ဦးမှ အဓမ္မပြုကျင့်နေစဉ် ကျန် ၃ဦးမှာ လက်နက်ဖြင့် လုံခြုံရေးယူထားပါသည်။
သစ်ပင်ထက်မှာ ရှိနေသောခင်ပွန်းသည် အောက်သို့ဆင်းမလာနိုင်ရန် သစ်ပင်ခြေရင်းတွင် လူဆိုး ၃ဦးက ဓါးများဖြင့် အလှည့်ကျစောင့်ပြီး ဇနီးသည်ကို အလှည့်ကျ အဓမ္မပြုကျင့်နေပါ
သည်။ ၎င်းဒါးမြ ၆ဦး ဆန္ဒပြည့် ၀သွားပြီးနောက် အမျိုးသမီးကိုမသတ်ဘဲ ထွက်သွားပါသည်။ လူဆိုးများထွက်သွားပြီးနောက် ခင်းပွန်းသည် သစ်ပင်ပေါ်မှ ဆင်းလာပြီး ဇနီးသည်ကို စိတ်
မကောင်းစွာဖြင့် စူးစိုက်ကြည့်နေပါသည်။
ဇနီးသည်သည် အင်္ကျီထမီပြန်ဝတ်လျှက် ခင်ပွန်းသည်ကိုကြိုးစားနှစ်သိမ့်ပါတော့သည်။ ထိုအခါ ခင်ပွန်းသည်က-
“မင်းကိုလူဆိုးတွေက၀ိုင်းပြီးအဓမ္မပြုကျင့်တာကို အားမတန်လို့အနိုင်ကျင့်ခံရတာကို ငါနားလည်ပေးလို့ရ တယ်။ ဒါပေမဲ့ မင်းကသူတို့ခါးကို စိတ်ပါလက်ပါဖက်ပြီးပွတ်သပ်နေတာကိုငါ
နားလည်လို့မရဖူး။ ငါ့နှင့်အိပ် ရင်နင်ဒီလိုစိတ်ပါလက်ပါတခါမှမလုပ်ဘူး။” ဟုနာကျည်းစွာပြောပါတော့သည်။
ယင်းနောက်ပိုင်း ၎င်းဇနီးမောင်နှံကို ရွာလူကြီးများမှ ၀ိုင်းဝန်းစေ့စပ်ဖြန်ဖြေသော်လည်း နောက်ဆုံးတွင် ဇနီး မောင်နှံ ၂ဦးလမ်းခွဲခဲ့ရပါသည်။
ဤပုံပြင်၌ ဖူးမောင်မောင် (ဗိုလ်ချုပ်မောင်မောင်) ဆိုလိုသည်မှာ အားမတန်၍ မာန်လျှော့ရသည့်အခါ ရန်သူ့အကြိုက်ကို စ်တ်ပါလက်ပါကြိုးစားအားထုတ်နေခြင်းသည်
အချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်နေ ခြင်းပင်ဖြစ်သည်။ တန်ပြန်လက်စားခြေဖို့ စိတ်ဓါတ်မရှိသည့်အပြင် တဦးပေါ်တဦးအပြစ်တင်နေခြင်းသည် လက်ရှိအခြေအနေကိုရော၊
အနာဂတ်ကိုပါအကျိုးမရှိကြောင်း ဆိုလိုပါသည်။
စာရေးသူ
ဆဲနေကော် (၄၉)
http://www.karenunited.com/index.php?option=com_content&view=article&id=2198:2012-07-17-16-13-10&catid=2:articles&Itemid=16
No comments :
Post a Comment