-->

Home » » ခိုင်မြဲတည်တံ့သောအစိုးရ(စောဘဦးကြီးရေးသည်)

ခိုင်မြဲတည်တံ့သောအစိုးရ(စောဘဦးကြီးရေးသည်)

| 0 ဟ့ဢ္ခီဢ္မဲလီဿ္

တိုင်းပြည်မရှိသောလူမျိုးတစ်မျိုးသည်လူမျိုးကြီးတမျိုး(NATION)ဟုကမ္ဘာကအသိအမှတ်ပြုလိမ့်
မည်မဟုတ်ချေ။အကြောင်းမူကား၎င်း လူမျိုးသည်ကိုယ့်မင်းကိုယ့်ချင်းနှင့်နေနိုင်ခွင့်မရဘဲတပါး အမျိုးသားများ၏လက်အောက်၌သာနေထိုင်ကြရခြင်းကြောင့်  ဖြစ်ပေသည်။ပင်ကိုတိုင်းပြည်
ရှိနှင့်သော လူတမျိုးသည် ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော် မိမိတို့ ၏ ညံ့ဖျင်းမူကြောင့်သာ
လျှင်ဖြစ်သည်။

နိုင်ငံရပ်ခြားတိုင်းတပါးသားများ၏လက်အောက်ခံအဖြစ်ဖြင့်သာအောက်ကျနောက်ကျရှိကြရ
လေသည်။သို့ရာတွင်ကိုယ့်တို်င်းကိုယ့်ပြည်ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသောလူမျိုးတို့သည်ကား
သူတပါး၏လက်အောက်ခံသို့မရောက်စေရန် ခိုင်မြဲတည်တံ့သော အစိုးရကိုရရန်အတွက်လုံး
ပန်းကြရမည်ပင်ဖြစ်သည်။ အောက်ပါ  အချက်ကြီး (၃) ချက်နှင့်ပြည့်စုံသောအစိုးရသည်ကာ
လကြာမြင့်စွာ တည်တံ့နိုင်မည်ဖြစ်ပေသည်။


(၁)လူထုမေတ္တာ။
အစိုးရတိုင်း၌ ပထမလိုအပ်သော တာဝန်ဝတ္တရားသည်ကားတိုင်းပြည်အတွင်းငြိမ်ဝပ်ပိပြား
အောင်စောင့်ရှောက်ထိန်းသိမ်းရေးပင်ဖြစ်သည်။  တိုင်းပြည်အတွင်းငြိမ် ၀ပ်ပိပြားရေးရရှိ
သည်နှင့်အမျှတိုင်း ရင်းသားများ၏ အသက်နှင့် စည်းစိမ်လုံခြုံမူတို့ ကိုရရှိနှိင်မည်ဖြစ်၍တိုင်း
ရင်းသားများ၏သက်သာချောင်ချိရေးသည်ပေါက်ဖွားလာ ကာမစိုးရအပေါ်၌ကြည်ညိုအား
ထားလေးစားသောမေတ္တာစိတ်များသည်လိုအလျောက်ဖြစ်ပေါ်လာမည်ဖြည်ပေသည်။

လူထု၏မေတ္တာအစစ်အမှန်ကိုတကယ်တမ်းရရှိသောအစိုးရသည်မိမိတို့၏စီမံအုပ်ချပ်မူ၌အခက်
အခဲဟူသ၍တို့ကိုလွယ်ကူစွာအောင်မြင်နိုင်မည်ဖြစ်သဖြင့်အုပ်ချုပ်ရေးတည်တံ့မှကိုရရှိ
နိုင်င်မည်ဖြစ်ပေသည်။သို့ဖြစ်၍တည်တံ့ခိုင်မြဲလို


(၂) လူထူ၏ကြည်ညှိခြင်း။
အစိုးရ၏အုပ်ချုပ်မူတည်တံ့ရေးတွင်အကျုံး ၀င်လျက်ရှိသေအရင်းခံဝတ္တရားကြီးတခုသည်ကား
တိုင်းပြည်၏ကိုယ်စားလှယ်အစစ်အမှန်များကိုတရားသောနည်းအတိုင်းရွေးကောက်တင်မြှော
က်ခြင်းဖြစ်သည်။အဆိုပါကိုယ်စားလှယ်များကရေးဆွဲသောဥပဒေများကိုတိုင်းရင်းသားအားလုံး
စည်းကမ်းသေ၀ပ်စွာညီညီညာညာလိုက်နာကြခြင်းပင်ဖြစ်၏။အစိုးရသည်တိုင်ုးပြည်၏စည်း
ကမ်းဥပဒေအရတရားသဖြင်အုပ်စိုးနိုင်မှသာလျှင်လူထုကြည်ဖြင့်ညျိခြင်းကိုခံရ
လိမ့်မည်ဖြစ်၏။

မျက်နှာကြီးငယ်လိုက်ဖြင်း၊ အာဂတိတရားလိုက်စားခြင်း၊လာဘ်ပေးလာဘ်ယူမူများကိုလက်
သင့်ခံခြင်းစသည်တို့ဖြင့်မကင်းသောအစိုးရသည်လူထု၏အကြည်အညိုကိုအခိုက်အတန့်
မျှသာရယှူနှိုင်မည်ဖြစ်သဖြင့်လူထု၏ထောက် ခံမူကိုကြာမြင့်စွာမရနှိုင်ဘဲအုပ်ချုပ်ရေး
တည်တံ့မူကိုပျက်ပြားစေရန်အကြောင်း တရပ်ဖြစ်ပေသည်။


(၃)လုံခြုံမှုအတွက် စိတ်မချရခြင်း
တိုင်းသူပြည်သားအားလုံးတို၏လုံခြုံစွာနေ ထိုင်နိုင်ရေးတို့အတွက်သက်ဆိုင်ရာအစိုးရသည် စီ
မံပေးနိုင်ရမည်ဖြစ်သည်။ပြည်တွင်း၏ဆူးငြောင်ခလုတ်များဖြစ်ကြသောခိုးသား၊ ဓါးပြနှင့် သောင်း
ကျန်းသူများကို နိုင်နှင်းရမည်အပြင် ပြည်ပဖြစ်သောတိုင်းတစ်ပါးတို့၏ဘေးရန်ကိုလည်းကာကွယ်
ပေးနိုင်စွမ်းရှိရမည်ဖြစ်သည်။တိုင်းပြည်အတွင်းလုံခြုံမှုအတွက်စိတ်ချလက်ချမနေကြရလျှင်တိုင်း
ရင်းသားများသည်မိမိတို၏အစိုးရအပေါ်တွင်အယုံအကြည်ပျက်ပြားကာအုပ်ချုပ်မှုတည်တံ့ရေးကို
ချက်ချင်းထိခိုက်နိုင်စရာအကြောင်းရှိပေသည်။

ဖော်ပြပါအချက် (၃)ချက်နှင့်ပြည့်စုံသောအစိုးရ
တိုင်းသည်မိမိတို့၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍တိုင်းရင်းသားတို့ ၏ယုံကြည်အားထားမှု၊ကြည်ညို
လေးစားမှု၊စိတ်သက်သာမှုစသည်တို့ ကိုတကယ်တမ်း ရရှိနိုင်မည်ဖြစ်ရာ တိုင်း ရင်းသားအားလုံး
ကြီးပွားတိုးတက်မှု၊သက်သာချောင်ချိမှုတို့ ကြောင့်စည်ပင်ဝပြောသောတိုင်း ပြည်အဖြစ်သို့အသွင်
ပြောင်နိုင်မည်ဖြစ်သည့် အတိုင်းတည်တံ့ခိုင်မြဲသောအစိုးရအဖြစ်ဖြင့် တည်မြဲနိုင်မည်ဖြစ်သော
ကြောင့်ကမ္ဘာတခွင်၌တိုင်းပြည်အသီးသီးရှိ အစိုးရတိုင်းသည်တည်တံ့ခိုင်မြဲ သောအစိုးရဖြစ်လို
သောဖော်ပြပါအချက်ကြီး(၃)ချက်သည်လက်မလွတ်သင့်ကြောင်းရေးသားရ ပေသတည်း။


ကရင်အမိမြေ မှကူယူပါသည်“မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ”စာအုပ်မှ
ကောက်နုတ်ချက်

No comments :

Post a Comment

 
ယသန့အဂၯတဖဢ္ : ဖံဖံအဲမဢ္မုဢ္ရံး | ကညီအဲးထံဢ္ကရူဿ္ |
ပွာ္ယဲၯသန့တဘ့ဢ္အံၯဘဢ္တဿ္ဒုးအိဢ္ထီဢ္အီၯလဿ စီၯကြဲၯကညီ ဖဲ ၁၂-၀၈-၂၀၁၀- All Rights Reserved
Karen Font: Zwekabin Font
ကုၯဒ့ဖ်းခိဢ္လီအဖိမုဢ္: နီဿ္မုဿ္ယဲၯဖဲ